၎။ စိုးရိမ်မှုများနှင့် နစ်နာမှုများအား လျှင်မြန်စွာနှင့် ထိရောက်စွာ ဖြေရှင်းပေးနိုင်မည့် ယန္တရားများကို
ထည့်သွင်းဆောင်ရွက်ရန်။
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်အခြေခံမူများ - ပြန်လည်ကုစား
ပေးခြင်း။
၂၂။ စီးပွားရေးလုပ်ငန်းများသည် မကောင်းသော ထိခိုက်သက်ရောက်မှုများကို ၎င်းတို့ကြောင့် ဖြစ်ပေါ်စေသည် သို့မဟုတ်
ထိုသို့ဖြစ်ပေါ်ရန် အထောက်အကူပြုသည်ဟု ဖော်ထုတ်တွေ့ရှိရပါက တရားဝင်လုပ်ငန်းစဉ်များဖြင့် ယင်းထိခိုက်မှုများအား
ပြန်လည်ကုစားပေးရာတွင် အထောက်အကူပေးသင့်သည်၊ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်အခြေခံမူများ - ထိရောက်မှုရှိခြင်း
ဆိုင်ရာစံနှုန်းများ။
၃၁။ နိင
ု င
်ေ
ံ တာ်၌ အခြေပြုသော(နှင)့် နိင
ု င
်ေ
ံ တာ်၌ အခြေပြုခြင်းမဟုတေ
် သာ တရားရေးနှငပ
့် တ်သက်မမ
ှု ရှသ
ိ ည့် နစ်နာမှု ဖြေရှင်း
ဆောင်ရွက်ပေးရေးဆိုင်ရာ ယန္တရားများထိရောက်မှု ရှိခြင်းကို အာမခံချက်ပေးနိုင်ရန် အောက်ပါစံနှုန်းများ ရှိသင့်ပါသည်။
(က) တရားဝင် လက်ခံမှု - ယန္တရားများအသုံးပြုရန် ရည်ရွယ်ထားသည့်သူများ ဖြစ်သည့် ပါဝင်ပတ်သက်သူ အုပ်စုများထံမှ
ယုံကြည်မှုရရှိခြင်းနှင့် နစ်နာမှုဖြေရှင်းခြင်းဆိုင်ရာဖြစ်စဉ်များကို တရားမျှတမှုရှိစွာ ဆောင်ရွက်ရန်အတွက် တာဝန်ယူမှု
ရှိခြင်း။
(ခ) လက်လှမ်းမီ၊ အသုံးပြုနိုင်မှု - ၄င်းတို့ ရည်ရွယ်ထားသော အသုံးပြုသူများဖြစ်သည့် ပါဝင်ပတ်သက်သူ အုပ်စုများ
အားလုံး သိရှိရန်နှင့် လက်လှမ်းမီ၊ အသုံးပြုနိုင်ရန် အတားအဆီး တစ်စုံတစ်ရာ တွေ့နိုင်သူများအတွက် လုံလောက်သော
အကူအညီပေးရန်။
(ဂ) ကြိုတင်ခန့်မှန်းနိုင်မှု - အဆင့်တိုင်းအတွက် ရည်ညွန်းအချိန်ကာလ ဘောင်တစ်ခုနှင့်အတူ ရှင်းလင်းတိကျပြီး အများ
သိနိုင်သည့် လုပ်ထုံးလုပ်နည်းတစ်ရပ် ဖြည့်ဆည်းပေးရန်နှင့် လုပ်ငန်းစဉ်အမျိုးအစားများ ရရှိနိုင်သော ရလဒ်များနှင့်
အကောင်အထည်ဖော်မှုဆိုင်ရာ စောင့်ကြည့်လေ့လာရေး နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတိကျမှုရှိခြင်း။
(ဃ) တရားမျှတမှု သာတူညီမျှမှု - ထိခိုက်နစ်နာရသူများအနေဖြင့် ထိခိုက်နစ်နာမှုဖြေရှင်းရေး လုပ်ငန်းစဉ်တွင် တရားမျှ
တသော၊ သတင်းအချက်အလက် ရရှိသော၊ လေးစားမှုပြသသော အခြေအနေအောက်တွင် ပါဝင်ဆောင်ရွက်နိုင်ရန်
လိုအပ်သည့် သတင်းအချက်အလက်၊ အကြံဉာဏ်နှင့် ကျွမ်းကျင်မှုအရင်းအမြစ်များကို သင့်တင့်လျှောက်ပတ်စွာ
ရရှိစေရေး အာမခံရန် ကြိုးပမ်းအားထုတ်ခြင်း။
(င) ပွင့်လင်းမြင်သာမှု - နစ်နာမှုများကုစားရေး တောင်းဆိုမှုတွင် ပါဝင်သည့်လူများ၊ အုပ်စုများအား ၄င်းတို့၏ ဖြစ်ပေါ်
တိုးတက်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်ပေးခြင်းနှင့် ထိရောက်မှုရှိခြင်းကို ယုံကြည်စေရန် ပါဝင်ပတ်သက်
သည့်ပြည်သူ၏ အကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ယန္တရားများ၏ စွမ်းဆောင်မှုနှင့်ပတ်သက်၍ လုံ
လောက်သော သတင်းအချက်အလက်များ ပေးခြင်း။
(စ) အခွင့်အရေးများနှင့် ကိုက်ညီမှုရှိခြင်း - ရလဒ်များနှင့် ပြန်လည်ကုစားပေးခြင်းများသည် နိုင်ငံတကာ အသိအမှတ်ပြု
လူ့အခွင့်အရေးများနှင့် ကိုက်ညီမှုရှိစေရန် အာမခံချက်ပေးခြင်း။
(ဆ) စဉ်ဆက်မပြတ် လေ့လာသင်ယူမှုအတွက် အရင်းအမြစ်တစ်ခု - အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်သည့် နစ်နာမှုများနှင့်
ထိခိုက်မှုများကို ကာကွယ်တားဆီးရန်နှင့် ယန္တရားပိုမို တိုးတက်ကောင်းမွန်လာစေရန်အတွက် သင်ခန်းစာများ ဖော်
ထုတ်ရန် ဆီလျှောက်မှုရှိသော လုပ်ငန်းများကို အသုံးပြုခြင်း။
လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုဆိုင်ရာအဆင့် နစ်နာမှုဖြေရှင်းရေး ယန္တရားများသည်:
(ဇ) ချိတ်ဆက်ဆောင်ရွက်မှုနှင့် အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုအပေါ် အခြေပြုသင့်ပါသည်။ ရည်ရွယ်ထားသော အသုံး
ပြုသူများဖြစ်သည့် ပါဝင်ပတ်သက်သူအုပ်စုများနှင့် ယန္တရားများ၏ ဒီဇိုင်းပုံစံ၊ စွမ်းဆောင်မှုတို့နှင့် ပတ်သက်၍ ညှိနှိုင်း
ဆွေနွေးခြင်းနှင့် နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် နည်းလမ်းများအဖြစ် အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုကို
အလေးထားဆောင်ရွက်ခြင်း။
တရားရေးရာ နည်းလမ်းအရသော်လည်းကောင်း၊ သို့မဟုတ် တရားရေးရာမဟုတ်သော နည်းလမ်းဖြင့်သော်လည်း
ကောင်း နစ်နာမှုများအတွက် ထိရောက်စွာဖြေရှင်းဆောင်ရွက် ပေးနိုင်သည့်လုပ်ဆောင်မှုမျိုး မြန်မာနိုင်ငံတွင်
မရှိ
သလောက် နည်းပါးပါသည်။ သို့ဖြစ်ရာ စိုးရိမ်မှုများကို စောလျှင်စွာထုတ်ဖော်နိုင်ရေးနှင့် အရှိန်တိုးမလာမီ လျှင်မြန်စွာ
ကိုင်တွယ်နိုင်ရေးကို လုပ်ဆောင်နိုင်ရန်အတွက် ကုမ္ပဏီများသည် ရုံးတွင်းကျင့်သုံးနိုင်မည့် အစားထိုး ကုစားလုပ်ဆောင်
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
27