မှုများရှိရန်မှာ အရေးကြီးလာပါသည်။ ထိခိုက်မှုများကို ပြန်လည်ကုစားပေးရန်အတွက် ကုမ္ပဏီတစ်ခုမှ လုပ်ဆောင်နိုင် သည့် အထိရောက်ဆုံးသော နည်းလမ်းများအနက်တစ်ခုသည် စီးပွားရေးလုပ်ငန်းများကြောင့် ဆိုးရွားစွာ ထိခိုက်ခံစား ခဲ့ရသည့် လူပုဂ္ဂိုလ်များ၊ အသုံးပြုသူများနှင့် ဒေသခံပြည်သူများအတွက် နစ်နာမှုဖြေရှင်းရေး ယန္တရားအား တိုက်ရိုက် ရယူနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ဆောင်နိုင်သည့်အပြင် အဆိုပါယန္တရားကို စိုးရိမ်ဖွယ်ရာအချက်များကို ကြိုတင်သတိပေးနိုင်သော စနစ်တစ်ခုအနေဖြင့်လည်း ထားရှိလုပ်ဆောင်နိုင်ပါသည်။ တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းများ၏ လူ့အခွင့်အရေးအား လေးစားလိုက်နာသည့် အခြားလုပ်ဆောင်မှုများကဲ့သို့ပင် နစ်နာထိခိုက်မှုများကို ပြန်လည်ကုစားရာတွင်လည်း အန္တရာယ်များကျရောက်စေခဲ့မှုတွင် ပါဝင်ပတ်သက်နေသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီ များအပါအဝင် ကုမ္ပဏီအားလုံးမှ တာဝန်ယူပြီးဆောင်ရွက်ရန် တာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ် လုပ်ကိုင်နေသော နိုင်ငံတကာကုမ္ပဏီကြီး တချို့ကဲ့သို့ပင်2 မြန်မာနိုင်ငံတွင် အခြေဆိုက်သော တချို့သောကုမ္ပဏီကြီး များသည် အလုပ်သမားများ၊ ဒေသခံပြည်သူများနှင့် လူမှုအသိုက်အမြုံ3 တို့အပေါ် နစ်နာမှုများကို ပြန်လည်ကုစားပေး သော ယန္တရားများတည်ဆောက်ရန် လိုအပ်ချက်ကို စတင်နားလည်စပြုသည့် အနေအထားတွင်သာ ရှိသေးသည်ကို တွေ့ရှိရသည်။ အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ အထူးသဖြင့် ကွန်ရက်ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်းကဲ့သို့ လုပ်ငန်းများအပါအဝင်လုပ် ငန်းကြီးများနှင့် သက်ဆိုင်သော ကိစ္စရပ်များအားလုံး - လွယ်ကူစွာ ဆက်သွယ်ရေး သတင်းအချက်အလက် ရယူနိုင်သည့် နေရာတစ်ခု သတ်မှတ်ပေးရန်။ အကယ်၍ ဒေသခံပြည်သူလူထုမှ ဆက်သွယ်ရေးပစ္စည်းကိရိယာ များဆိုင်ရာ စိုးရိမ်မှုများကို တိုင်ကြားလိုပါက အသုံးပြုနိုင်ရန် ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်ကို အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ထည့်သွင်းဆောင်ရွက်ခြင်းကဲ့သို့ ရိုးရှင်းလွယ်ကူသော လုပ်ဆောင်မှုဖြင့် စတင်၍ လုပ်ဆောင်နိုင်ပါသည်။ ယင်းနံပါတ်သည် ဒေသတွင်း အခြေစိုက်သည့် နှစ်ဦးနှစ်ဖက်အတွက် အကျိုး ဆောင်ပေးသူများ၊ ရပ်ရွာစေတနာ့ဝန်ထမ်းများ၊ သို့မဟုတ် ကုမ္ပဏီများနှင့် နှစ်ဖက်ထိတွေ့ ဆက်ဆံရေး ကိစ္စ အတွက် သီးသန့်အကျိုးဆောင်ပေးသော အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြင့် ဆက်သွယ်နိုင်သည့် ကွန်ရက်တစ်ခု ဖြစ်လာနိုင်ပါသည်။ အင်တာနက်ဝန်အောင်မှုပေးသော ကုမ္ပဏီများ (ISP) နှင့် အင်တာနက်မှ ရုပ်သံထုတ်လွှင့်သူများ (Over the Tops)အတွက် အင်တာနက်စာမျက်နှာများတွင် ခွင့်ပြုသည့် အကြောင်းအရာများအကြောင်း အသုံးပြုများလိုက် နာရမည့်အချက်များ ထည့်သွင်းဖော်ပြရန်၊ ထို့အတူ အသုံးပြုသူများသည် ၄င်းတို့အား စိတ်အနှောင့်အယှက် ဖြစ်စေသည့် အကြောင်းအရာများကို သတင်းပေးပို့နိုင်သော ယန ရ္တားစနစ် (ဥပမာ “သတင်းပို့ အသိပေးခြင်း“ ပြု လုပ်နိုင်သော ခလုတ်၊ သို့မဟုတ် သတင်းပို့နိုင်သော အင်တာနက်စာမျက်နှာနှင့် ချိတ်ဆက်ထားခြင်း) များကို ထည့်သွင်းရန်။ ယင်းယန္တရားများ ထည့်သွင်းတည်ဆောက်ခြင်းကို အများမှ သိရှိစေရန် နှင့် အသုံးပြုသူများအတွက် အကျိုးရှိစေရန် အခြေခံအဆင့် အသုံးပြုသူပညာပေး လှုပ်ရှားမှုများ လုပ်ဆောင်ရန်။ ကုမ္ပဏီတစ်ခု သို့မဟုတ် ၄င်းကုမ္ပဏီ၏ စီးပွားရေးအကျိုးတူလုပ်ဆောင်သူများနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိပါက အသုံးပြုသူများ၊ အလုပ်သမားများ၊ သို့မဟုတ် ဒေသခံပြည်သူများ တိုက်ရိုက်ဆက်သွယ် ပြောဆိုနိုင်ရေးအတွက် လွယ်ကူစွာ ရယူသုံးစွဲနိုင်ပြီး ထိရောက်မှုရှိသည့် ဆက်သွယ်ရေးယန္တရားတစ်ခု (သို့မဟုတ် ယန ရ္တားများ)အား အကောင်အထည်ဖော်ရန်။ လွယ်ကူစွာ ရ���ူသုံးစွဲနိုင်ရေးအတွက် ဒေသခံဘာသာစကား အသုံးပြုခြင်းများ၊ အိုင်စီတီ ဝန်ဆောင်မှုများရရှိစေမှု သို့မဟုတ် အသုံးပြုသူများက ကုန်ကျခံစရာမလိုသည့် အခမဲ့ခေါ်ဆိုနိုင်သော (toll free) ဖုန်းနံပါတ်များကို ဝန်ဆောင်မှုများထားရှိမည်လား စသည်တို့ကို ကုမ္ပဏီမှလုပ်ဆောင်ပေးမှုများထဲ တွင် သေချာစွာ ဂရုပြုထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါသည်။ 2 ဥပမာ Phillips မှ ထုတ်ပြန်သော မြန်မာနိုင်ငံရှိ နစ်နာမှုများအား ပြန်လည်ကုစားပေးရေး သီးခြားယန္တရားတွင် ကြည့်နိုင်ပါသည်။ http://business-human- 3 MRCB ၏ ပွင့်သစ်စ/ မြန်မာ့စီးပွားရေးလုပ်ငန်းများ၌ ပွင့်လင်းမြင်သာမှုရှိရေး ကုမ္ပဏီများ၏ လည်ပတ်လုပ်ကိုင်နေသော နစ်နာမှုများအား ပြန်လည်ကုစားပေးသည့် rights.org/en/response-by-philips-myanmar-foreign-investment-tracking-project ယန္တရားများအားတိုင်းတာမှု။ ဇူလိုင်လ ၃ ရက် ၂ဝ၁၅ MRCB တွင် ကျင်းပသည့် စီးပွားရေးလုပ်ငန်းများအတွက် လည်ပတ်လုပ်ကိုင်နေသော နစ်နာမှုများအား ပြန်လည်ကုစားပေးရေး ယန္တရား အလုပ်ရုံဆွေးနွေးပွဲ။ 28 မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3