ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၁၄ ၅.၁.၅။ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၅) ကို ၂၀၀၅ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ကစထ - ၅ ၏ လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကခ)နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တို့ ဖြစ်သည်။ ကစထ - ၅ ၏ ကွပ်ကဲမှုအောက်တွင် ရန်ကုန်နှင့် ဧရာဝတီဒေသတို့ ပါဝင် သည်။ သို့ သော်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကစထ - ၆ ကို ဖျက်သိမ်းခဲ့သည့်အတွက် ကစထ - ၆ အောက်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကစထ - ၁ အောက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကစထ - ၃ အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကို ကစထ - ၅ အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်ကို ကစထ - ၃ သို့ ပြောင်းရွှေ့ခဲ့သည်။ ကစ�� - ၅ ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည့်အတွက် ပဲခူး၊ မန္တလေး၊ မကွေးရှိ ဂန့်ဂေါခရိုင်မှအပ အခြားခရိုင်များ၊ နေပြည်တော်နှင့် ရန်ကုန်တို့ သည် ကစထ - ၅ ၏ ကွပ်ကဲမှုအောက်သို့ ရောက်ရှိသွားသည်။ စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံသည် အမှတ် (၅) ကစထမှူးအဖြစ် တာဝန်ယူလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၂၀၂၅ ဇန်နဝါရီတွင် သက်ပုံကို ကစထ - ၆ သို့ ပြောင်းရွေ့ခဲ့ပြီး ၎င်း၏နေရာတွင် ကစထ ၃ မှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို ခန့်အပ်ခဲ့သည်။ ဖုန်းမြတ်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ ဇူလိုင်လအထိ ကစထ - ၅ မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဇော်မင်းလတ်ကို ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ကာ ကစထ - ၅ မှူးအဖြစ် ခန့်အပ်ခဲ့သည်။ ဇော်မင်းလတ်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ကစထ - ၅ မှူးအဖြစ် ဆောင်ရွက်ခဲ့ သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စစ်ရာထူးအပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ကစထ - ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ကစထ - ၅ မှူး ဖြစ်လာခဲ့သည်။ လက်ရှိ ကစထ - ၅ မှူး ကိုကိုဦး (ကြည်း ၂၈၁၁၉) သည် စစ်တက္က သိုလ် အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီး သက်ပုံ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ် ဒုဗိုလ်ချုပ်ကြီး ဇော်မင်းလတ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ကြည်း - ၂၀၇၃၅ ကြည်း - ၂၀၃၂၄ ကြည်း - ၂၇၁၈၃ ကြည်း - ၂၈၁၁၉ DSA - ၂၉ OTS - 73 DSA - ၃၇ DSA - ၃၈ ဇွန် ၂၀၂၀ - ဇန် ၂၀၂၅ ဇန် ၂၀၂၅ - ဇူ ၂၀၂၅ ဇူ ၂၀၂၅ - စက် ၂၀၂၅ စက် ၂၀၂၅ - လက်ရှိ ပုံ ၅ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ - ၅ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ

Select target paragraph3