စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၁၃
၅.၁.၄။
အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့
အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၄) ကို ၂၀၀၂ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ကစထ - ၄ ၏
လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)နှင့် ကမ်းရိုးတန်းဒေသ
တိုင်းစစ်ဌာနချုပ် (ကရခ) တို့ ဖြစ်သည်။ ကစထ - ၄ ၏ ကွပ်ကဲမှုအောက်တွင် ကရင်၊ မွန်နှင့် တနင်္သာရီ
ဒေသတို့ ပါဝင်သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ကစထများ အပြောင်းအလဲတွင် ကစထ - ၄ ၏ ကွပ်ကဲ
နယ်မြေများ ပြောင်းလဲမှုမရှိခဲ့ပါ။
ဒုဗိုလ်ချုပ်ကြီး အောင်စိုး
ဒုဗိုလ်ချုပ်ကြီး ခင်လှိုင်
ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ
ကြည်း - ၁၈၈၈၆
ကြည်း - ၂၂၃၈၃
ကြည်း - ၂၅၉၈၂
DSA - ၂၆
OTC - 17
DSA - ၃၆
မေ ၂၀၁၈ - အောက် ၂၀၂၂
အောက် ၂၀၂၂ - ဖေ ၂၀၂၃
ဧ ၂၀၂၃ - လက်ရှိ
ပုံ ၄ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ - ၄ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ
စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကထစ - ၄ မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး
အောင်စိုးသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၂ ခုနှစ်၊
အောက်တိုဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးကို အနားပေးခဲ့ပြီး ၎င်း၏နေရာတွင် ကစထ - ၂ မှူး
ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်ကို ခန့်အပ်ခဲ့သည်။ ကရင်နှင့် မွန်ဒေသများတွင် စစ်ရေးရှုံးနိမ့်မှုများ
ကြောင့် ၄ လအကြာတွင် ခင်လှိုင်ကို ကစထ - ၄ မှူး တာဝန်မှ အနားပေးခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ညွှန့်ဝင်းဆွေကို ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ကာ ကစထ - ၄ မှူး
အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ လက်ရှိ ကစထ - ၄ မှူး တာဝန်ယူထားသူ ညွှန့်ဝင်းဆွေ (ကြည်း ၂၅၉၈၂)
သည် စစ်တက္က သိုလ် အပတ်စဉ် ၃၆ ကျောင်းဆင်းဖြစ်သည်။