စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၁၅
၅.၁.၆။
အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့
အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့ ကစထ - ၆ ကို ��၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကစထ - ၆ ၏
လက်အောက်ခံ စစ်တိုင်းမှာ နေပြည်တော်တိုင်းစစ်ဌာနချုပ်ဖြစ်ပြီး ကွပ်ကဲမှုဒေသမှာ နေပြည်တော်
ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကစထများ ပြောင်းလဲဖွဲ့စည်းခဲ့ရာ ကစထ - ၆ ကို ဖျက်သိမ်း
ခဲ့သည်။
စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အမှတ်
(၆) ကစထမှူးအဖြစ် တာဝန်ယူလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင် သန်းလှိုင်ကို ကစထ - ၆ မှူးအဖြစ်
မှ အနားပေးခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးကို ပြောင်းလဲခန့်အပ်ခဲ့သည်။ ထို့ နောက် ၂၀၂၃ ခုနှစ်၊
သြဂုတ်လတွင် သန်းထွန်းဦးကို နေပြည်တော်ကောင်စီ ဥက္က ဌအဖြစ် ပြောင်းရွေ့ခဲ့ပြီး ကစထ - ၁ မှူး ဒုတိယ
ဗိုလ်ချုပ်ကြီး တေဇကျော်သည် ကစထ - ၆ မှူး
ဖြစ်လာခဲ့သည်။ တေဇကျော်သည် ၂၀၂၅ ခုနှစ်၊
ဇန်နဝါရီလအထိ ကစထ - ၆ မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကစထ - ၃ မှူးအဖြစ် ပြောင်းရွေ့ခံခဲ့ရသည်။
ထို့ နောက် ကစထ - ၅ မှူး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံသည် ကထစ - ၆ မှူးအသစ် ဖြစ်လာခဲ့သည်။ ၃
လတာ တာဝန်ထမ်းဆောင်ပြီးနောက် သက်ပုံကို တပ်မတော် စစ်ဆေးရေးအရာရှိချုပ်အဖြစ် ပြောင်းရွှေ့ခဲ့
ပြီး
တပ်မတော်
စစ်ဆေးရေးအရာရှိချုပ်အဖြစ်
ဆောင်ရွက်ခဲ့သည့်
ဒုတိယဗိုလ်ချုပ်ကြီး
နီလင်း
အောင်သည် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ကစထ - ၆ မှူး ဖြစ်လာခဲ့သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်
ကစထ - ၆ ကို ဖျက်သိမ်းခဲ့ရာ ကစထ - ၆ မှူးအဖြစ် နောက်ဆုံးတာဝန်ယူဆောင်ရွက်ခဲ့သူ နီလင်းအောင်
(ကြည်း - ၂၇၁၆၀) သည် ဗိုလ်သင်တန်းကျောင်းအပတ်စဉ် ၃၇ ကျောင်းဆင်းဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်
ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦး
ဒုဗိုလ်ချုပ်ကြီး တေဇကျော်
ကြည်း - ၂၀၇၀၁
ကြည်း - ၁၇၄၃၂
ကြည်း - ၂၀၂၇၈
DSA - ၂၉
OTS - ၂၄
OTS - ၇၃
ဇန် ၂၀၂၁ - မတ် ၂၀၂၂
မတ် ၂၀၂၂ - သြဂုတ် ၂၀၂၃
သြ ၂၀၂၃ - ဇန် ၂၀၂၅
ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်
ဒုဗိုလ်ချုပ်ကြီး သက်ပုံ
ကြည်း - ၂၇၁၆၀
ကြည်း - ၂၀၇၃၅
DSA - ၃၇
DSA - ၂၉
မတ် ၂၀၂၅ - စက် ၂၀၂၅
ဇန် ၂၀၂၅ - မေ ၂၀၂၅
၂၀၂၅ စက်တင်ဘာလတွင်
ကစထ - ၆ ကို ဖျက်သိမ်းခဲ့
ပုံ ၆ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ ၆ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ