ဉာဏ် လင်းသစ် သု တေသနအဖွဲ့
စာ ၁၂
၅.၁.၃။
အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့
အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ - ၃) ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကစထ - ၃ ၏
လက်အောက်ခံ စစ်တိုင်းများမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
(တပခ)တို့ ဖြစ်သည်။
သို့ သော် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကစထ - ၅ အောက်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို
ကစထ - ၃ အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ကစထ - ၃ အောက်ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ကစထ - ၅
အောက်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့ ကြောင့် လက်ရှိ ကစထ - ၃ ၏ ကွပ်ကဲမှုနယ်မြေများမှာ ချင်းဒေသရှိ ပ
လက်ဝခရိုင်၊ ရခိုင်နှင့် ဧရာဝတီဒေသတို့ ဖြစ်သည်။
စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် အမှတ် - ၃ ကစထမှူးမှာ ဒုတိယဗိုလ်ချုပ်ကြီး
ဝင်းဗိုလ်ရှိန်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ
လ ၂၅ ရက်နေ့တွင် နယ်စပ်ရေးရာဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်ကို စစ်ဘက်တာဝန်များ ပြန်လည်ထမ်း
ဆောင်စေခဲ့ပြီးနောက် မတ်လတွင် ဗိုလ်ချုပ်ဖုန်းမြတ်ကို ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ကာ
ကစထ - ၃ မှူးအဖြစ် ခန့်အပ်ခဲ့သည်။ ထို့ နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဖုန်းမြတ်ကို ကစထ - ၅ သို့
ထပ်မံ ပြောင်းရွေ့ခဲ့သည်။ ၎င်း၏နေရာတွင် ကစထ - ၆ မှုးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်
ရောက်ရှိလာခဲ့ပြီး ၂၀၂၅ စက်တင်ဘာလတွင် အရန်အင်အားသို့ ပြောင်းရွေ့ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး
တေဇကျော်ကို ဖယ်ရှားပြီးနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးမင်းကို ကစထ -၃ မှူး
အဖြစ် ခန့်အပ်ခဲ့သည်။ လက်ရှိ ကစထ - ၃ မှူး တာဝန်ယူထားသူ စိုးမင်း (ကြည်း ၂၉၄၃၀) သည်
စစ်တက္က သိုလ် အပတ်စဉ် ၃၉ ကျောင်းဆင်းဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်
ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်
ဒုဗိုလ်ချုပ်ကြီး တေဇကျော်
ဒုဗိုလ်ချုပ်ကြီး စိုးမင်း
ကြည်း - ၁၈၂၉၆
ကြည်း - ၂၀၃၂၄
ကြည်း - ၂၀၂၇၈
ကြည်း - ၂၉၄၃၀
DSA - ၂၅
OTS - ၇၃
OTS - ၇၃
DSA - ၃၉
ဇူ ၂၀၁၉ - ဖေ ၂၀၂၁
မတ် ၂၀၂၁ - ဇန် ၂၀၂၅
ဇန် ၂၀၂၅ - စက် ၂၀၂၅
စက် ၂၀၂၅ - လက်ရှိ
ပုံ ၃ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ - ၃ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ