၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း သည်။ ထို့ကြောင့် မဲဆန္ဒနယ် အနည်းဆုံး (၁၂၁) မြို့နယ်ခန့်ကို ချန်လှပ်ထားခဲ့ရသည်။ 3 ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်ကဲ့သို့ ပဋိပက္ခပြင်းထန်ရာ ဒေသများတွင် အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ် ခဲ့သော်လည်း မဲပေးခွင့် အလွန်နည်းပါးခဲ့သည်။ ချင်းပြည်နယ်တွင် (၉) မြို့နယ်ရှိသည့် အနက် (၂) မြို့ နယ်နှင့် ရခိုင်ပြည်နယ်တွင် (၁၇) မြို့နယ်ရှိသည့်အနက် အနက် (၃) မြို့နယ်တွင်သာ ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း မြို့နယ်အရေအတွက်မှ ၂၅ ရာခိုင်နှုန်းအောက်တွင်သာ အတုအယောင် ရွေး ကောက်ပွဲ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။ 4 ဤအချက်က လူထုအများအပြား ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရခဲ့ကြောင်း သိသာထင်ရှားနေသည်။ အတုအယောင်ရွေးကောက်ပွဲတွင် စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အတိုက်အခံ မရှိဘဲနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမတ် နေရာ (၁,၀၂၅) နေရာအနက် (၇၃၉) နေရာ အနိုင်ရရှိကာ (၇၂) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။ 5 တချန်ိ တည်းမှာပင် စစ်တပ်သည် ၂၀၀၈ အခြေခံဉပဒေပါ အားသာချက်များကို ဆက်လက် ဆွဲကိုင်ထားခြင်းဖြင့် ၎င်း၏ နိုင်ငံရေးအရ တရားဝင်မှုကိုပါ ရရှိရန် ကြိုးစားခဲ့သည်။ လူထုမှ မဲပေးရွေး ခြယ်ပြီးနောက်တွင် လွှတ်တော်အမတ်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို အခြေခံဉပဒေအရ စစ်တပ် ကိုယ်စားလှယ်များက အလိုအလျောက် ရရှိမည်ဖြစ်ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှမ်းမိုးနိုင်စွမ်းကို ကန့်သတ်ထားသည်။ 6 အတုအယောင် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိထားသည့် (၇၃၉) နေရာနှင့် အခြေခံဉပဒေအရ ရရှိမည့် ၂၅ ရာခိုင်နှုန်း သော စစ်တပ်ကိုယ်စားလှယ်များ၏ နေရာနှင့် ပေါင်းလိုက်ပါက လွှတ်တော်အတွင်းတွင် စစ်တပ်၏ သြ ဇာလွှမ်းမိုးမှုမှာ အကြွင်းမဲ့နီးပါးဖြစ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဤအတုအယောင် ရွေးကောက်ပွဲ သည် အရပ်သားအစိုးရ ပေါ်ပေါက်လာစေရန် အမှန်တကယ် ရည်ရွယ်ခြင်းမဟုတ်ဘဲ စစ်တပ်အတွက် အားသာချက် ရှိနေပြီးဖြစ်သည့် ၂၀၀၈ အခြေခံဉပဒေပါ ပြဌာန်းချက်များကို အကာအကွယ်ယူကာ စစ်တပ်အာဏာတည်မြဲရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ 4 Burma News International. (2026, January 12). Forced representation crisis and the 2025 Chin State election results 5 The Irrawaddy. (2026, February 4). Myanmar military-backed USDP wins over 72% of seats in junta’s election: UEC. 6 Myanmar Witness. (2026, March 26). Myanmar military-led election 2025–2026: Ongoing conflict in townships limits freedom of expression while USDP secures victory. Myanmar Witness. ၃

Select target paragraph3