၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၁။
၂၀၂၅ - ၂၀၂၆ အတုအယောင် ရွေးကောက်ပွဲနှင့် နိုင်ငံရေး အခင်းအကျင်း
၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ နှစ်ဆန်းပိုင်းတွင် ပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ အတု
အယောင် ရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင်ကျင်းပသည့်
ပထမဆုံး ရွေးကောက်ပွဲ ဖြစ်သည်။ ဤရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြား အကောင်အထည်
ဖော်ခဲ့သည်။ ပထမပိုင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် မြို့နယ် (၁၀၂) မြို့နယ်တွင်
လည်းကောင်း၊ ဒုတိယပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မြို့နယ် (၁၀၀) တွင်
လည်းကောင်း၊ တတိယပိုင်းကို ဇန်နဝါရီ (၂၅) ရက်နေ့တွင် မြို့နယ် (၆၃) မြို့နယ်တွင် လည်းကောင်း
ပြုလုပ်ခဲ့သည်။ 1 အာဏာသိမ်းစစ်တပ်က ဤအတုအယောင် ရွေးကောက်ပွဲကို ပါတီစုံ ဒီမိုကရေစီ
လုပ်ငန်းစဉ်အဖြစ် ရည်ညွှန်းခဲ့သော်လည်း လက်တွေ့တွင်မူ ရွေးကောက်ပွဲကာလ မစတင်မီထဲက လူထု
အပေါ် အကြမ်းဖက်မှု၊ မတရားသဖြင့် ဖမ်းဆီးဖိနှိပ်မှုများ ပြုလုပ်ခဲ့ပြီး မီဒီယာဖိနှိပ်မှုများလည်း စဉ်
ဆက်မပြတ် ပြုလုပ်ခဲ့သည်။
အပိုင်း
ကျင်းပသည့်ရက်စွဲ
မြို့နယ်အရေအတွက်
ပထမပိုင်း
၂၀၂၅၊ ဒီဇင်ဘာလ (၂၈) ရက်
၁၀၂ မြို့နယ်
ဒုတိယပိုင်း
၂၀၂၆၊ ဇန်နဝါရီလ (၁၁) ရက်
၁၀၀ မြို့နယ်
တတိယပိုင်း
၂၀၂၆၊ ဇန်နဝါရီလ (၂၅) ရက်
၆၃ မြို့နယ်
စုစုပေါင်း
၂၆၅ မြို့နယ်
ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် အမျုးသား
ိ
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် နိုင်ငံရေးပါတီ (၈၄) ခုကို ဖျက်သိမ်းခဲ့ပြီး စစ်တပ်က
လက်ခံထားသော ပါတီ (၆၃) ခုကို သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ 2 ထို့အပြင် ရွေးကောက်ပွဲ
ကို ဘေးကင်းလုံခြုံသည်ဟု စစ်တပ်က ယူဆထားသည့် နေရာဒေသများတွင်သာ အဓိက ကျင်းပနိုင်ခဲ့
1 ဆင်ဟွာ. (2026, January 11). MYANMAR မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ စတင်ကျင်းပ, Xinhua News
Agency - Myanmar.
2 မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများစာရင်း. (2026, January 5). ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်.
3 Announcement of Constituencies, Wards and Village-tracts Where Elections Will Not Be Held. (2025, December 27). Ministry of Information - MOI.
၂