၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပနေသည်ဟု စစ်တပ်က ဝါဒ
ဖြန့်ခဲ့သော်လည်း ရွေးကောက်ပွဲကာလအတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှု
များကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသများတွင်
ရွေးကောက်ပွဲမတိုင်မီ၊ ကျင်းပနေစဉ်နှင့် ကျင်းပပြီးနောက်ကာလများအတွင်း လေကြောင်းဗုံးကြဲတိုက်
ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိုကာလအတွင်းပင် ပါရာမော်တာအသုံးပြု တိုက်ခိုက်မှုများနှင့် သေဆုံး၊ ထိခိုက်
ဒဏ်ရာရစေသော ပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။ 7 ရွေးကောက်ပွဲကာလအတွင်း စစ်တပ်၏
လေကြောင်းတိုက်ခိုက်မှု (၄၀၈) ကြိမ်ရှိခဲ့ပြီး အရပ်သား (၁၇၀) ဉီးထက်မနည်း သေဆုံးခဲ့ကြောင်း
ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ 8
7 Myanmar Witness. (2026, March 26). Myanmar military-led election 2025–2026: Ongoing conflict in townships limits freedom of expression while USDP
secures victory. Myanmar Witness.
8 ရွေးကောက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၀ ထက်မနည်း သေ���ုံးကြောင်း ကုလပြော. (2026, January 31). Dawei Watch.
၄