(IHRB) နှင့် ဒိန်းမတ်အခြေစိုက် Danish Institute of Human Rights (DIHR) တို့နှင့် ပူးပေါင်းကာ
မြန်မာ့
အိုင်စီတီကဏ္ဍကို အဓိကထားပြီး လေ့လာခဲ့ပါသည်။ ဤအစီရင်ခံစာအတွက် လေ့လာဆန်းစစ်ရာတွင် ရှိထားပြီး
တစ်ဆင့်ရရှိသော စာတမ်းများ၊ သတင်းမှတ်တမ်း အချက်အလက်များ သုတေသနပြုလုပ်လေ့လာခြင်း (desk research) နှင့် ကွင်းဆင်းလေ့လာမှုများကို မန္တလေး၊ စစ်ကိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးများ အပါအဝင် ရှမ်း၊ မွန်နှင့်
ကချင်ပြည်နယ်များတွင် အခြေပြု၍ ပြုလုပ်ခဲ့ပါသည်။ အိုင်စီတီကဏ္ဍနှင့် ဆက်နွှယ်သော မြန်မာနိုင်ငံ၏ လက်ရှိ
မူဝါဒများနှင့် ဥပဒေရေးရာ မူဘောင်များကို စေ့ငုံနက်နဲစွာ သုံးသပ်ခြင်းအပြင် သမိုင်းကြောင်း၊ နိုင်ငံရေးနှင့် စီးပွားရေး
အချင်းအရာများကိုလည်း ထည့်သွင်းသုံးသပ်ခဲ့ပါသည်။ ထို့အပြင် အနာဂါတ် အိုင်စီတီ ကဏ္ဍမှ မြန်မာ့လူ့ဘောင်အပေါ်
လက်တွေ့နှင့် ဖြစ်လာနိုင်ဖွယ်ရှိသော သက်ရောက်မှုများနှင့် အိုင်စီတီကဏ္ဍကို သုံးသပ်မှုများလုပ်ဆောင်ရန်နှင့် ပိုမို
နားလည်နိုင်စေရန်အလို့ငှာ မြန်မာနိုင်ငံရှိ အိုင်စီတီကဏ္ဍရှိ စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးတွင် လုပ်ထုံးလုပ်နည်း
များနှင့် မူဝါဒများကိုလည်း ထည့်သွင်းလေ့လာဆန်းစစ် သုတေသန ပြုလုပ်ခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍအလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) ကို လုပ်ဆောင်ရခြင်း
နောက်ခံအကြောင်းရင်းမှာ အိုင်စီတီကဏ္ဍတွင် အဓိက လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အန္တရာယ်များကို ဖော်
ထုတ်တင်ပြရန်ပေးရန်နှင့်
မြန်မာနိုင်ငံ၊ မြန်မာပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများကို အကျိုးဖြစ်ထွန်းစေသည့် အပြုအမှုမျိုးဖြစ်လာစေရေး
အိုင်စီတီကဏ္ဍတွင် စည်းကမ်းသတ်မှတ်ချက်များနှင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုများ ပိုမိုကောင်းမွန်လာစေရန်
အလို့ငှာ မြန်မာအစိုးရအပါအဝင် စီးပွားရေးလုပ်ငန်းများနှင့် မြန်မာ့လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းများကို
ဖော်ထုတ်တင်ပြရန် ဖြစ်သည်။
ဤလေ့လာဆန်းစစ်မှုသည် အနာဂါတ်ကို မျှော်မှန်းလုပ်ကိုင်သည့် ဆန်းစစ်မှုဖြစ်ပြီး အိုင်စီတီကဏ္ဍ၏ ကောင်းကျိုး
သက်ရောက်မှုများကို ခိုင်မာအားကောင်းစေပြီး ဆိုးကျိုးသက်ရောက်မှု ဖြစ်ပွားမှုများကို ကာကွယ်လျော့ချနိုင်ရေး
လုပ်ဆောင်ရာတွင် ပါဝင်အကျိုးပြုနိုင်ရန် ရည်ရွယ်ပါသည်။ (စီးပွားရေးလုပ်ငန်းများ၏ သက်ရောက်မှုများအား ကဏ္ဍ
အလိုက် လေ့လာဆန်းစစ်ခြင်း (SWIA) ဆောင်ရွက်ချင်း၏ ရည်ရွယ်ချက်နှင့် လေ့လာဆန်းစစ်ခြင်းဆိုင်ရာ စနစ်တကျ
ဆောင်ရွက်ပုံအဆင့်ဆင့် အသေးစိတ်ကို အခန်း (၁) တွင် ဖော်ပြထားပါသည်။)
အိုင်စီတီ ကဏ္ဍအတွင်းရှိ အဓိက ပါဝင်သူများ
မြန်မာနိုင်ငံတော်အစိုးရ
မြန်မာနိုင်ငံရှိ အခြားကဏ္ဍများမှာကဲ့သို့ပင် အိုင်စီတီကဏ္ဍတစ်ခုလုံးကို စီမံကြီးကြပ်ရသည့် အစိုးရဌာနများသည်
မနိုင်ဝန်ထမ်းနေရသည့် ပြည်သူ့ဝန်ထမ်းအနည်းငယ်ပေါ် တည်မှီကာ လုပ်ဆောင်နေရသည်။
မြန်မာနိင
ု င
် ၏
ံ ဖွံ့ ဖြိုးမှုအရှန
ိ တ
ိးု မြှငရ
့် န်နင
ှ့် ကမ္ဘာ လံုး ဆိင
ု ရ
်ာဆက်သယ
ြ ေ
် ရးနှင့် ယှဥြ် ပိုင်မမ
ျှုားတွင် နောက်ကျ အထီးကျန်
နေမှုမှ လွတ်မြောက်ရန် နိုင်ငံသားများအား နည်းပညာများ ထိတွေ့ရယူနိုင်စေခြင်းဖြင့် ထောက်ပံ့ပေးရန်ဆိုသည့်
အစိုးရ၏ ရည်မှန်းချက်ကြီးမားသည့် အိုင်စီတီနည်းပညာ အဓိကအသုံးချ အချက်အလက် ဝန်ဆောင်မှုရယူသည့်
(e-agenda) လုပ်ဆောင်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာကျွမ်းကျင်သည့် လုပ်ကိုင်နိုင်
စွမ်းရှိသော ဝန်ထမ်းအရေအတွက်မှာ အနည်းငယ်သာ ရှိပါသည်။ အိုင်စီတီကဏ္ဍ တိုးတက်ရေးအတွက် စိန်ခေါ်မှုများ
သည် - ဝန်ဆောင်မှုများနှင့် ကွန်ရက်ဆိုင်ရာ အခြေခံအဆောက်အအုံများ စီစဉ်ထားရှိရေး၊ တိုးချဲ့ရေးမှသည် ပေါ်ထွန်း
လာနေသည့် ကွန်ပျူတာအသုံးပြုစနစ်များအတွက် သင့်တင့်လျောက်ပတ်သည့် နည်းပညာစံများ တည်ဆောက်ခြင်း၂၁ ရာစုနှင့် ကိုက်ညီသည့် ပညာစံနစ် ပြန်လည် အားဖြည့်တည်ဆောက်နိုင်ရေး လုပ်ဆောင်ခြင်းများအထိ - အလွန်
ကြီးမားပါသည်။ အိုင်စီတီကဏ္ဍ၏ သဘောသဘာဝသည် ချိတ်ဆက် ဆက်သွယ်သည်ဖြစ်ရာ ယင်းအချက်သည်
ပင်လျှင် ကာလရှည်ကြာစွာ အထီးကျန်ဖြစ်ခဲ့ရသည့် တိုင်းပြည်တစ်ပြည်အတွက် အကျွမ်းတဝင် မရှိသည့် နိုင်ငံတကာ
စံချိန်စံညွန်းကိစ္စရပ်များနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် စိန်ခေါ်မှုများကို
2
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း