ဖန်တီးဖြစ်ပေါ်စေပါသည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော ဖွံဖြိုးရေးအထောက်အကူပြုအဖွဲ့များ
သည် နည်းပညာဆိင
ု ရ
်ာထောက်ပမ
ံ့ မ
ျှုား ပေးလျက်ရပ
ှိါသည်။ အဆိပ
ုါအဖွဲ့အစည်းများ၏ နည်းပညာထောက်ပမ
ံ့ မ
ျှုားဖြင့်
၂ဝ၁၃ ခုနှစ်တွင် တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ချထားပေးရာတွင် ပွင့်လင်းမြင်သာစွာလုပ်ဆောင်နိုင်ခဲ့
သည်ကို တွေ့ရှိရသည်။
သို့သော် နည်းပညာဆိုင်ရာ အထောက်အပံ့ပေးမှုများသည် မြန်မာအစိုးရဝန်ထမ်းများ၏ နေ့တဓူဝ လုပ်ကိုင်ရင်ဆိုင်
နေရသော အခက်အခဲများအတွက် အပြည့်အဝ အစားထိုးနိုင်ခြင်းတော့ မရှိပါ။ ယင်းအခက်အခဲများထဲတွင် ဥပဒေ
မူဘောင်များသည် ယနေ့ခေတ် နည်းပညာများအတွက် ရေးဆွဲထားခြင်းမျိုး မဟုတ်သလို၊ ယခင် စစ်အစိုးရ
လက်ထက်က စိတ်ဝင်စားမှုနည်းခဲ့သော နိုင်ငံတကာ စံချိန်စံညွန်းများနှင့် ကိုက်ညီမှုမရှိသည့် အချက်များလည်း ပါဝင်
ပါသည်။ ဆက်သွယ်ရေးကဏ္ဍကို ကန့်သတ်ရန် ဥပဒေများအတွင်း ထည့်သွင်းကာ ရည်ရွယ်လုပ်ဆောင်ခဲ့သလို၊ နည်း
အမျိုးမျိုးဖြင့် ဆန်က
ျ့င်ဘက်ဖြစ်ပေါ်လာအောင် လုပေ
် ဆာင်ကာ ကြီးထွားလာနေသော ဆက်သယ
ြ ေ
် ရးကဏ္ဍ၏ တည်ရှိ
ဖြစ်ပေါ်နေမှုအား လွယ်လွယ်ကူကူ လက်မခံနိုင်ခြင်းသည် အဆိုပါခေတ်ကာလ၏ အကျိုးဆက်များဖြစ်သည်။ တိုး
တက်နေသောနည်းပညာများနှင့် ကိုက်ညီစေရေး တစ်ဖက်တွင်လည်း အစိုးရ၏ ရည်မှန်းချက်ကြီးသည့် ပြုပြင်
ပြောင်းလဲရေး အစီအစဉ်များနှင့် ကိုက်ညီစေရန်အတွက် အိုင်စီတီမူဝါဒများနှင့် ဥပဒေမူဘောင်များအား ကိုက်ညီအောင်
လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုသည် လွတ်လပ်ပွင့်လင်းမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှု
ပေါ်တွင် အခြေခံသည့် အုပ်ချုပ်ရေးစံနစ်ဆီသို့ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုနှစ်ရပ်လုံး၏ စိတ်နေ
သဘောထားများ ပြောင်းလဲလာအောင် လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုနှင့်ယှဉ်လျင် မြင်သာမှုအပိုင်း
တွင် ပို၍အားနည်းသော်လည်း အရေးကြီးသည့်အပိုင်းတွင်မူ လျော့နည်းခြင်း မရှိပေ။ ဤစီးပွားရေးလုပ်ငန်းကဏ္ဍ၏
သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) အစီရင်ခံစာသည် အစိုးရမူဝါဒနှင့် ဥပဒေရေးရာ ပြုပြင်
ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအနေဖြင့် စဉ်းစားအဖြေရှာသင့်သည့် မူဝါဒနှင့် ဥပဒေရေးရာတွင် အရေး
ကြီးသည့်လစ်ဟာမှုများကို ထောက်ပြပေးနိုင်ရန် ရည်ရွယ်ပါသည်။
အိုင်စီတီ ကဏ္ဍအတွင်းရှိ စီးပွားရေး လုပ်ငန်းများ
အခြားတိုင်းပြည်များမှာကဲ့သို့ပင် အိုင်စီတီကဏ္ဍတွင် လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများသည် ပုံစံမျိုးစုံဖြစ်သည်။
ယင်းတို့တွင် အောက်ခြေမှ အစပြုကြီးထွားလာသည့် ပြည်တွင်းလုပ်ငန်းများ (local start-ups) မှသည် နိုင်ငံတကာ
စီးပွားရေးလုပ်ငန်းကြီးများအထိ ပုံစံမျိုးစုံဖြင့် ရှိနေတာကို တွေ့ရပါသည်။ အခြားသော တိုင်းပြည်များတွင်တွေ့ရသည့်
နည်းပညာဆိုင်ရာလုပ်ငန်းတွင် အောက်ခြေမှအစပြု ကြီးထွာလာသည့်စီးပွားရေးလုပ်ငန်းငယ်များ (tech start-ups)
နှင့် မတူသည့်အချက်မှာ ပြည်တွင်းရှိ အသေးစားလုပ်ငန်းများအနေဖြင့် အိုင်စီတီကဏ္ဍရှိ အရေးပါသည့် နိုင်ငံတကာ
ဆွေးနွေးပွဲများကို မကြာခဏ ပါဝင်တက်ရောက် ထိတွေ့နိုင်ခြင်း မရှိသလို၊ ပြောကြားသည့် အချက်အလက်များကို
မိမိတို့၏ မိခင်ဘာသာစကားများဖြင့် ရယူသိရှိနိုင်ခြင်းလည်း မရရှိကြပါ။ ထိုအခါ ပြည်တွင်းလုပ်ငန်းငယ်များ သင်ယူ
လုပ်ကိုင်ရသော ဖြစ်စဉ်သည် နိုင်ငံတကာရှိ စီးပွားရေးပူးပေါင်းလုပ်ကိုင်လိုသူများ၏ မျှော်မှန်းချက်နှင့် ကိုက်ညီရေးတွင်
သာမက သတင်းအချက်အလက်များအား ကာကွယ်ခြင်းကိစ္စရပ်၊ အလားတူ အရေးကြီးသည့် တာဝန်ယူမှုရှိသော
စီးပွားရေးလုပ်ငန်းတွင် ထားရှိသင့်သော နိုင်ငံတကာ စံတန်ဖိုးများကဲ့သို့သော အရေးကြီးသည့် အချက်များအတွက်
လိုအပ်ချက်နှင့် လုပ်ဆောင်ပုံနည်းလမ်းများကို နားလည်ရန်အတွက်လည်း အခက်အခဲများစွာ ကြုံတွေ့ရနိုင်ပါသည်။
ကွန်ရက် တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းကို အလျှင်အမြန် အကောင်အထည်ဖော်လျက်ရှိရာ ကွန်ရက်တပ်ဆင်ရေး လုပ်
ငန်းတွင် လုပ်ကိုင်သော လုပ်ငန်းများနှင့် တစ်ဆင့်ခံလုပ်ကိုင်သည့် ပြည်တွင်း လုပ်ငန်းများအနေအဖြင့် လုပ်ကိုင်ရင်းဖြင့်
သင်ကြားနေကြသည့် အနေအထားတွင် ရှိနေပါသည်။ အချို့သောလုပ်ငန်းများသည် ခိုင်မာသည့် စီမံခန့်ခွဲ အုပ်ချုပ်မှု
ပုံစံ၊ ကျန်းမာရေးနှ���့် လုံခြုံဘေးကင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလုပ်သမား အခွင့်အရေးများ
အတွက် တိုင်ကြားမှုဆိုင်ရာ မူဘောင်များနှင့် လုပ်ငန်းခွင်စစ်ဆေးနိုင်ရန် စောင့်ကြည့်ခြင်းတို့ကို မိမိတို့ လုပ်ငန်းစဉ်
အတွင်းသို့ သွတ်သွင်း အကောင်အထည်ဖော်ခြင်းများ ရှိသော်လည်း တချို့သော လုပ်ငန်းများမှာမှု စနစ်ကျသော
လုံခြုံရေးဆိုင်ရာအစီအစဉ်များ ထားရှိလုပ်ဆောင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။ သုတေသနပြုလုပ်စဉ် လူ့အခွင့်
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
3