မြန်မာအစိုးရသည် တရားဥပဒေနှင့်အညီ ကြားဖြတ်ယူနားထောင်ခြင်းအတွက် ဥပဒေမူကြမ်းရေးဆွဲရာတွင် အများပြည်သူပါဝင်သည့် ညှိနှိုင်းဆွေးနွေးတိုင်ပင်မှုတစ်ရပ် ပြုလုပ်ရန် ကတိပြုပြီးဖြစ်သည်။ ခွင့်ပြုသည့် လုပ်ငန်းစဉ် လွတ်လပ်ပြီးကျွမ်းကျင်သည့် တရားရေးမဏ္ဍိုင်တစ်ခုခု၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ ဆက်သွယ်ရေးလမ်းကြောင်း များစောင့်ကြည့်ခြင်းကို ခွင့်ပြုဆောင်ရွက်သင့်သည်။ တချို့သောနိုင်ငံများတွင် တရားရုံးခွင့်ပြုချက်ထက် အုပ်ချုပ် ရေးကဏ္ဍမှ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းများရှိသည်။ သို့သော် ကုလသမဂ္ဂနှင့် အခြား လူမှု အဖွဲ့အစည်းများကမူ တရားရုံးခွင့်ပြုချက်ကို ပို၍လိုလားသည်။ • မြန်မာအစိုးရသည် တရားရေးမဏ္ဍိုင်၏ ခွင့်ပြုချက်ကိုယူရန် ကတိပြုပြီးဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်းများကို စောင့်ကြည့်ရာတွင် ဥပဒေနှင့်ညီသည့် အကြောင်းကိစ္စအတွက် လိုအပ် သည်ကိုသာလျင် ကန့်သတ်လုပ်ဆောင်သင့်သည်။ ထို့အပြင် လိုအပ်အချက်အရရော၊ ကိုက်ညီမှုအရပါ အခွင့် အရေးထိခကို မှ်ု အနည်းဆံုး ဖြစ်စေမည့် နည်းလမ်းများကိသုာ အသံုး ပြုသင်သ့  ည်။ လုပေ် ဆာင်ရန်စစီ ဉ်သည့် စောင့် ကြည့်မှုတွင် လိုအပ်ချက်ရှိမှုနှင့် ကိုက်ညီမှုရှိမှုအပေါ် ဓမ္မဒိဌာန်ကျသည့် လေ့လာဆန်းစစ်ခြင်းတစ်ရပ်သည် စောင့်ကြည့်မှုကို ခွင့်ပြုသည့် လုပ်ငန်းစဉ်တွင် အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ အစိုးရအဖွဲ့အစည်းများအကြား တရားဥပဒေနှင့်အညီ ကြားဖြတ်ယူနားထောင်ခြင်းကို မည်သည့်အဖွဲ့အစည်းက တောင်းဆိခု ငွ ရ့် သှိ ည်က့ို ဥပဒေမူဘောင်က သတ်မတှေ် ပးရမည် ဖြစ်သည်။ (တောင်းဆိပု ငို ခ် ငွ ရ့် သှိ ည့် အဖွဲ့ အစည်း များ) တောင်းဆိုလာသည့် စောင့်ကြည့်ခွင့်များအပေါ် တရားရုံးက ခွင့်ပြုသင့်၊ မသင့်အပေါ် ဆုံးဖြတ်ရာတွင် အခြေခံ မည့် စံချိန်စံညွန်းများကိုလည်း ဥပဒေမူဘောင်က သတ်မှတ်ပေးရမည်ဖြစ်သည်။ ခွင့်ပြုချက်မှန်သမျှသည် သတ်မှတ်သည့် စောင့်ကြည့်မှုကို အချိန်ကန့်သတ်ခွင့် ပြုရမည်ဖြစ်ပြီး၊ သတ်မှတ်သည့် အချိန်ကာလ ကုန်ဆုံးပါက ခွင့်ပြုချက်တောင်းခံသည့် အဖွဲ့အစည်းအနေဖြင့် ခွင့်ပြုချက်ကို ပြန်လည်တောင်းခံရန် လိုအပ်မည်ဖြစ်သည်။ ခွင့်ပြုချက်ကို သက်တမ်းတိုးခြင်းမရှိဘဲ သတ်မှတ်ကာလထက် ကျော်လွန်ကာ အလို လျောက် ဆက်လက် စောင့်ကြည့်ခွင့်မျိုးကို ခွင့်မပြုသင့်ပေ။ စောင့်ကြည့်ရယူထားသည့် အချက်အလက်များကို သိမ်းဆည်းထားရှိခွင့် အချိန်ပမာဏကိုလည်း မူဘောင်တွင် ရှင်းရှင်းလင်းလင်း ထည့်သွင်းချမှတ်ရမည်ဖြစ်သည်။ သတ်မှတ်ခွင့်ပြုသက်တမ်း ကျော်လွန်ပါက ရယူသိမ်းဆည်း ထားသည့် အချက်အလက်များကို ဖျက်ဆီးပစ်ရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် တရားမဝင်ရယူထားသည့် သတင်းအချက်အလက် မှန်သမျှကိုလည်း ချက်ခြင်း ဖျက်ဆီးပစ်ရမည် ဖြစ်သည်။ စောင့်ကြပ်ကြည့်ရှုသူများ ထားရှိခြင်း စောင့်ကြပ်ကြည့်ရှုခြင်း အကောင်းဆုံးနည်းလမ်းများနှင့် ပတ်သက်၍ နိ���င်ငံတကာတွင်လည်း အဖြေရှာကြဆဲ ဖြစ် ပါသည်။ သို့သော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင် အသီးသီးမှ ပူးပေါင်းပါဝင်သည့် စောင့်ကြပ် ကြည့်ရှုမှုနည်းလမ်းပုံစံအား ပို၍စိတ်ဝင်စားမှုရှိလာသည်ကို တွေ့ရှိရသည်။ စောင့်ကြည့်ခြင်းကို ခွင့်ပြုထားသည့် အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်အာဏာမှ ကင်းလွတ်သည့် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု (သို့မဟုတ် အဖွဲ့အစည်းများ)၏ အောက်တွင် စောင့်ကြပ်ကြည့်ရှုမှုကို ထားရှိရမည်ဖြစ်သည်။ စောင့်ကြပ်ကြည့်ရှုခြင်းကို အလေးအနက်ထား တင်းတင်းကြပ်ကြပ် လုပ်ဆောင်ရမည်ဖြစ်ပြီး လိုသလို ပြောင်းနိုင် သည့် အခြေအမျိုး မဖြစ်စေရပါ။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 41

Select target paragraph3