အဆိုပါလေ့လာမှုမှ တွေ့ရှိချက်များကို အောက်တွင် ဖော်ပြထားပါသည်။ ဤတွေ့ရှိချက်များသည် လူ့အခွင့် အရေးများအတွက် နိုင်ငံတကာစံနှုန်းများ၊ ကာကွယ်ပေးမှုများနှင့်ကိုက်ညီသည့် အရေးကြီးသည့် ဥပဒေမူကြမ်းရေးဆွဲ ရာတွင် မြန်မာအစိုးရနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား အသုံးဝင်သည့် အချက်အလက်များပေးနိုင်ရန် ရည်ရွယ်ပါ သည်။ မြန်မာအစိုးရသည် အဓိကအကြောင်းအရာ ခုနစ်ခုကို ခြုံငုံမိသည့် ဆက်သွယ်ရေးနည်းလမ်းများအား စောင့် ကြည့်သည့် စည်းမျဉ်းဥပဒေ ပြဌာန်းနိုင်ရေးအတွက် နည်းလမ်းစတင်ရေးဆွဲလျက်ရှိရာ ဤအကြံပြုချက်များသည် အခြေခံ ထည့်သွင်းစဉ်းစားသင့်သည့် အချက်များဖြစ်သည်။ အခွင့်အရေးကို အလေးထားသည့် တရားဥပဒေနှင့်အညီ ဆက်သွယ်ရေး ကြားဖြတ်နားထောင်ခြင်း စံပုံစံတွင် ရှိသင့်သည့် လက္ခဏာရပ်များ• ကြိုတင်သဘောတူရန် လိုအပ်ချက်ထားရှိခြင်း (Prerequisites) • ခွင့်ပြုသည့် လုပ်ငန်းစဉ်ထားရှိခြင်း (Authorisation Processes) • စောင့်ကြပ်ကြည့်ရှုသူများ ထားရှိခြင်း (Oversight) • စောင့်ကြည့်ခံရသူများအား အသိပေးခြင်း (Notification of individials) • ဖြေရှင်းချက် ရယူပိုင်ခွင့်ပေးခြင်း (Remedy) • ပွင့်လင်းမြင်သာမှုရှိခြင်း (Transparency) • ဥပဒေသများကို ပြန်လည်သုံးသပ်ရန် စည်းကမ်းချက်ထားရှိခြင်း (Provision for Framework Review) တရားဥပဒေနှင့်အညီ ကြားဖြတ်ယူနားထောင်ခြင်း မလုပ်ဆောင်မီ ကြိုတင်သဘောတူရန် လိုအပ် ချက် ထည့်သွင်းစဉ်းစားထားသင့်သည်။ ပြစ်မှုကြီးများ၊ သို့မဟုတ် အခြား နိုင်ငံတော်လုံခြုံရေးနှင့် ဆက်စပ်သည့်ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အခြား ဖြစ်နိုင်သည့် ဘေးကင်းလုံခြုံရေး နည်းလမ်းများ - ဥပမာအားဖြင့် စောင့်ကြည့်မှုမျိုးမပါဝင်သည့် ရဲလုံခြုံရေးနည်း လမ်းများစသည်တို့ဖြင့် ဖြေရှင်း၍မရနိုင်သည့် အခြေအနေမျိုးတွင်သာ တရားဥပဒေနှင့်အညီ ကြားဖြတ်နားထောင် ခြင်းကို အသုံးပြုရန်။ စောင့်ကြည့်မှုကို မှုခင်းကျူးလွန်းသည်ဟု သံသယရှိသည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုကိုသာလျင် ချိန်ရွယ်လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ရာဇဝတ်မှုကျူးလွန်မှုတွင် ပါဝင်နိုင်သည်ဟု ကြိုတင် သိရှိထားသည့် သံသယရှိမှုမျိုး ရှိမှသာ စောင့်ကြည့်မှုမျိုးကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ပေးအပ်ထားသည့် စောင့်ကြည့်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှုသည် ဥပဒေနှင့်မညီသည့် လုပ်ရပ်ဖြစ်ပြီး၊ ဥပဒေ ပြင်ပ စောင့်ကြည်မှုမျိုးကို တားမြစ်ရန် လိုအပ်သည်။ တရားဥပဒေနှင့်အညီ ကြားဖြတ်ယူနားထောင်ခြင်းကို ခွင့်ပြုသည့် ဥပဒေမူဘောင်တစ်ရပ်ကို တည်ထောင်ရာတွင် အုပ်ချုပ်ရေးအာဏ��ရှိသူများက လုပ်ပိုင်ခွင့် အခွဲတစ်ရပ်အနေဖြင့် ပြဌာန်းခြင်းကို လက်ခံသည်ထက် ဥပဒေပြုရေး၊ မဏ္ဍိုင်တွင်ဆွေးနွေးကာ မူလဥပဒေပြုရေးဖြစ်စဉ်မှတစ်ဆင့် ဥပဒေပြုခြင်းမျိုးသာ ဖြစ်သင့်ပါသည်။ ဥပဒေပြုရေး မဏ္ဍိုင်အောက်ရှိ လုပ်ငန်းစဉ်များမှာ အများပြည်သူ၏ စောင့်ကြပ်စိစစ်မှု မပါဝင်ဘဲ တံခါးပိတ်လုပ်ဆောင်လေ့ရှိရာ အများပြည်သူပါဝင်သည့် ညှိနှိုင်းဆွေးနွေးတိုင်ပင်မှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ၏ ပူးပေါင်း ပါဝင်မှုသည် မူဝါဒများချမှတ်ရာတွင် အဓိကကြသည့် အစိတ်အပိုင်းဖြစ်သည်။ အများပြည်သူအနေနှင့် မူဘောင် များချမှတ်ရာတွင် ဝင်ရောက်ပြောဆိုခွင့်ရှိရေးသည် ပို၍ အရေးကြီးသည်။ 40 မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3