လူ့အခွင့်အရေးဆိုင်ရာ အသေးစိတ်လေ့လာမှုများကို အဆက်မပြတ် လုပ်ကိုင်ရန်။
•
ကုမ္ပဏီတစ်ခုနှင့် ၄င်းနှင့် ဆက်နွှယ်လုပ်ကိုင်နေသော အခြားကုမ္ပဏီများ (ပစ္စည်းရောင်းချသူ၊ စာချုပ်ချုပ်ဆို
လုပ်ကိုင်သူ အစရှိသဖြင့်) မှ လူအများနှင့် ၄င်းတို့၏ လူ့အခွင့်အရေးများအတွက် အန္တရာယ်ရှိမှုနှင့် သက်
ရောက်မှုများကို လေ့လာအကဲဖြတ်ရန် -
-
မြန်မာအစိုးရသို့ အကြံပြုချက် ၂ နှင့် ၃ (နှင့် ယခုဖတ်ရှုနေသည် လေ့လာဆန်းစစ်ခြင်း (SWIA)၌)
ထုတ်နှုတ်ဖော်ပြထားသည့် လက်ရှိတည်ဆဲဥပဒေမူဘောင်များ၌ သိသာစွာ လစ်ဟနေသော အချက်များ
အပါအဝင် ဒေသ၏ရှုပ်ထွေးမှုများနှင့် နောက်ခံ ဓလေ့ရိုးရာ၊ သမိုင်းအစဉ်အလာများကို ထည့်သွင်းစဉ်းစား
ရန်။ နိုင်ငံတကာ စံချိန်စံညွှန်များနှင့်အညီ လုပ်ငန်း အကောင်အထည်ဖော်ခြင်းဖြင့် အဆိုပါလစ်ဟာမှု
များကို ဖြည့်ဆည်းသွားနိုင်ရေး ကြိုးစားရန်။ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများ ဖြစ်ပွားရာနေရာများ
နှင့် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားရန် အလားအလာရှိသောဒေသများတွင် လုပ်ငန်းလည်ပတ်လုပ်
ဆောင်ရာတွင် “ပဋိပက္ခ စရိုက်လက္ခဏာများ“ ကို ထည့်သွင်းစဉ်းစားရန်။
-
အစိုးရ သို့မဟုတ် စီးပွားရေးအတူတကွ လုပ်ကိုင်သူများ၏ လုပ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်
မှုများတွင် တိက
ု ရ
် က
ို ဆ
် က်စပ်ပတ်သက်နေခြင်း သိမ
ု့ ဟုတ် ချိုးဖောက်မက
ှို တစ်နည်းနည်းဖြင့် အထောက်
အပံ့ပြုခြင်း ဖြစ်နိုင်ခြေအန ရ
္တာယ်များကို ရှင်းရှင်းလင်းလင်း ထည့်သွင်းစဉ်းစားထားရန်။ ဤအချက်ကို
စဉ်းစားရာတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်သူများသည် အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံများ၏
စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုစာရင်း၌ ပါဝင်ခြင်းမရှိသည်ကို သေချာစေရုံဆိုသည့် အချက်ထက် ကျော်
လွန်စွာ စဉ်းစားလုပ်ကိုင်သင့်ပါသည်။ ယခင်က စီးပွားရေးလုပ်ငန်းအချို့သည် အစိုးရ သို့မဟုတ်
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်ခဲ့မှုများရှိရာ ပူးပေါင်းလုပ်ဆောင်မည့်
ကုမ္ပဏီ၏ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အလေ့အကျင့်များ၊ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံ
တကာ စံချိန်စံညွန်းများအပေါ် ရပ်တည်လုပ်ဆောင်ချက်များ အပါအဝင် အသေးစိတ် ဆန်းစစ်လေ့လာမှု
များ ကြိုတင်လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်ပါသည်။
•
ရှိလာနိုင်သော အန္တရာယ်များကို လေ့လာဆန်းစစ်ခြင်းအသုံး၍ ဖြစ်နိုင်ချေအန္တရာယ်များကို ဖော်ထုတ်ရန်နှင့်
ဖြစ်လာမည့်အန္တရာယ်များကို ကာကွယ်တားဆီးနိုင်ရေး သို့မဟုတ် အနည်းဆုံးအဖြစ် ထိုအန္တရာယ်များကို
လျော့ချနိုင်ရေးအတွက် လုပ်ကိုင်မည့် အဆင့်များထားရှိရန်။ ထိုသို့လုပ်ဆောင်ရာတွင် သိသာကွဲပြားသော
လုပ်ကိုင်သည့် ပုံသဏ္ဍန်များ ရှိပါသည်။ ဥပဒေများတွင်ရှိနေသော လစ်ဟာမှုများကို ဖြေရှင်းရန်အတွက်
အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သည့် စုပေါင်းလုပ်ဆောင်ခြင်းများ (အောက်တွင် ဖော်ပြထားသော တိုက်တွန်း
အကြံပြုချက် ၅ တွင် ကြည့်ရန်) သို့မဟုတ် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် သီးခြားလုပ်ဆောင်မှုများ ပါဝင်
နိုင်ပါသည်။ (အောက်တွင်ဖော်ပြထားသော တိုက်တွန်းအကြံပြုချက် ၃ တွင် ပါရှိသော ကျယ်ပြန့်စွာ ဖြစ်ပေါ်
နေသော အန ရ
္တာယ်ရှိနိုင်မှုနှင့် SWIA ထဲရှိ ထင်ရှားစွာ ထုတ်နုတ်ဖော်ပြထားသည့် တုန့်ပြန်လုပ်ဆောင်ရန်
အကြံပြုချက်များကို ကြည့်ရန်)
•
ဖော်ထုတ်သိရှိပြီးသော အန ရ
္တာယ်များနှင့် သက်ရောက်မှုများအတွက် တုန့်ပြန်မှုများ ကို လေ့လာမှတ်သားရန်။
အလုပ်သမားများ၊ ဒေသခံပြည်သူများ၊ အသုံးပြုသူများ၊ ဝယ်သူသုံးစွဲသူများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများ
ကြောင့် ထိခိုက်နိုင်ခြေရှိသူများကို စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ်များ၌ မည်သို့ ပါဝင်နိုင်သည် ဆို
သည်ကို ထည့်သွင်းစဉ်းစားရန်။
•
SWIA အစီရင်ခံစာတွင် ဖော်ပြခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်စေမှုများ၊ ထို့အပြင်
အထူးသဖြင့် ထိခိုက်ခံရသော လူပုဂ္ဂိုလ်များမှ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုလာသည့်အခါ MCRB
၏ ပွင့်သစ်စ/TiME စီမံချက်တို့တွင် အကြံပြုထားသကဲ့သို့ ဖြေရှင်းရန် ကုမ္ပဏီအနေဖြင့် မည်သို့ လုပ်ဆောင်
နေသည်ကို အများပြည်သူသိရှိအောင် ဆက်သွယ်ဆောင်ရွက်ရန်။
-
ဥပဒေ���ှင့်အညီ ကြားဖြတ်ရယူခြင်း၊ ဆက်သွယ်ရေး အချက်အလက်များ၊ အင်တာနက်စာမျက်နှာ၌
ပါဝင်သောအချက်များကို ဖယ်ရှားစေခြင်းများနှင့် စာမျက်နှာများအား ပိတ်ဆို့ခြင်းနှင့် ကွန်ရက်အား ရပ်
24
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း