ဥပဒေပြုသူများနှင့် အစိုးရဝန်ကြီးဌာနများတွင် စွမ်းဆောင်ရည် မပြည့်ဝမှုနှင့် အတွေ့အကြုံ နည်းပါးမှုများနှင့် မြန်ဆန်
သည့် ပြောင်းလဲမှုများကြောင့် ဥပဒေများပြဌာန်းပြီးလျှင် မြန်မာ့ဥပဒေများသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်
အပြည့်အဝ ကိုက်ညီမှု ရှိမည်ဟု အာမခံနိုင်ခြင်း မရှိပါ။ အလားတူစွာပင် အဆိုပါဥပဒေများသည် ဤလေ့လာဆန်းစစ်
ခြင်း (SWIA) အစီရင်ခံစာတွင် ဖော်ပြထားသော အန္တရာယ်ရှိနိုင်သည့် အချက်များမှ အလုပ်သမားများ၊ အသုံးပြုသူများ၊
ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကာကွယ်ပေးနိုင်မည်ဆိုသည့်အချက်မှာ မသေချာပေ။ ပြည်
တွင်းဥပဒေမူဘောင်များ တည်ငြိမ်မှုမရှိသေးသည့် ကာလမျိုးတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ - ဥပမာအားဖြင့် ကုလ
သမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက် အခြေခံမူများ (နှင့် နိုင်ငံတကာအဆင့်
စီးပွားရေးလုပ်ငန်းကြီးများအတွက် လိုက်နာရမည့် OECD ၏ လမ်းညွှန်ချက်များ)အား အသုံးပြုခြင်းသည် ကုမ္ပဏီများ
အား သေချာရေရာမှု ထောက်ပံ့ပေးသည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာရှိ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏
ယုံကြည်မှုရှိစေရေးအတွက်လည်း အထောက်အပံ့ ဖြစ်စေပါသည်။ အခြေအနေများသည် လျင်မြန်စွာ ပြောင်းလဲနေ
သည်ဖြစ်ရာ အိုင်စီတီကဏ္ဍရှိ ကုမ္ပဏီများသည် ၄င်းတို့ လုပ်ငန်းလုပ်ဆောင်နေသည့် ပတ်ဝန်းကျင်ကို လေ့လာကာ
အစိုးရ၏လုပ်ရပ်များ သို့မဟုတ် ၄င်းတို့လုပ်ငန်းလည်ပတ်မှုများ သို့မဟုတ် ၄င်းတို့နှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်
သူများမှ ဖန်တီးနိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများကို နားလည်နိုင်ရန် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု
သင့်ပါသည်။
အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ
လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် မူဝါဒတစ်ခုကို ပြဌာန်းရန်။ အဆိုပါမူဝါဒအား ကုမ္ပဏီအတွင်း ကျယ်
ကျယ်ပြန့်ပြန့်ကျင့်သုံးစေရန် နှင့် နယ်ပယ်အသီးသီးမှ ဆက်စပ်လုပ်ကိုင်ရသည့် တာဝန်ရှိသူများအား ကျယ်ပြန့်စွာ
သိရှိစေရန်။ ယင်းကဲ့သို့ အများပြည်သူသိရှိအောင် လုပ်ဆောင်ခြင်းသည် လွန်စွာမှ အရေးကြီးပါသည်။ အဘယ်
ကြောင့်ဆိုသော် ယင်းအချက်သည် ထိပ်ပိုင်းရှိ စီမံခန့်ခွဲမှုများကို လုပ်ဆောင်သူများသည် လူ့အခွင့်အရေးများ
လေးစားလိုက်နာခြင်းကို တရားဝင် စီးပွားရေးလုပ်ဆောင်မှုများတွင် အနည်းဆုံး မဖြစ်မနေထားရှိရမည့် စံချိန်
စံညွှန်းတစ်ခုအဖြစ် သဘောထားကြောင်း ပြသရာရောက်ပါသည်။ တချို့သော မြန်မာကုမ္ပဏီများသည် လူ့အခွင့်
အရေးများကို တာဝန်ယူလုပ်ဆောင်ခြင်းမျိုးနှင့် အကောင်အထည်ဖော်မှုများကို အများပြည်သူသိရှိအောင် ထုတ်
ပြန်ခြင်းများ ပြုလုပ်လာကြပါသည်။1 ထိုကဲ့သို့သော တာဝန်ယူလုပ်ဆောင်မှုများသည် အတိတ်ကာလ၏ လုပ်
ဆောင်မှုများနှင့် မတူကြောင်း ဒေသရှိနယ်ပယ်အသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကို သိစေခြင်း
ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတကာစီးပွားရေး ပူးပေါင်းလုပ်ဆောင်သူများသို့လည်း ၄င်းတို့သည်
နိုင်ငံတကာ စံချိန်စံညွှန်းများကို နားလည်ပြီး လုပ်ငန်းလည်ပတ်ရာတွင်လည်း ကိုက်ညီစွာလည်ပတ်ရန် ခိုင်မာ
သည့် မူချမှတ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းကိုလည်း အသိပေးပြောကြားရာ ရောက်ပါသည်။
•
အခြားသော လုပ်ကိုင်လျက်ရှိသည့်မူဝါဒများနှင့် လုပ်ငန်းစဉ်များသည် လူ့အခွင့်အရေးများအတွက် ကတိ
ကဝတ်ပြုထားမှုများနှင့် ကိုက်ညီမှုရှိစေရန် - ဥပမာအားဖြင့် - ဝယ်ယူအားပေးသူများ၏ အခ��က်အလက်များ
အား အသုံးချမှု သို့မဟုတ် ရောင်းချမှုနှင့် အကာအကွယ်ပေးမှုတို့အပေါ် ကုမ္ပဏီမှထားရှိသည့် မူဝါဒအား
ရှင်းလင်းဖော်ပြနိုင်သည့် ရှင်းလင်း၍ ရရှိအသုံးပြုရန် လွယ်ကူသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်
လုံခြုံရေးမူဝါဒများ ထားရှိရန်။ အသုံးပြုသူများ သို့မဟုတ် ဝယ်ယူအားပေးသူများနှင့် တိုက်ရိုက်ဆက်ဆံသော
အိုင်စီတီကုမ္ပဏီများအနေဖြင့် ကုမ္ပဏီ၏ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သတ်မှတ်ချက်များ၊ “အသုံးပြုသူ
အသိုက်အဝန်း“ အတွက် လမ်းညွှန်မှုများ သို့မဟုတ် အလားတူ စာရွက်စာတမ်းများသည် ကုမ္ပဏီ၏ ဝန်
ဆောင်မှုများ၏ အသုံးဝင်မှုကို မြန်မာဘာသာအပြင် အခြားသော တိုင်းရင်းသား ဘာသာစကားများဖြင့်ပါ
အပါအဝင် သိရှိနားလည်ရေးအတွက် ရှင်းလင်းလွယ်ကူစေရန် ရေးသားဖော်ပြသင့်ပါသည်။
1
ပွင့်သစ်စ/ ပွင့်လင်းမြင်သာသည့် မြန်မာ့စီးပွားရေးလုပ်ငန်းများ ထုတ်ပြန်ချက် (၂ဝ၁၅) သည် မြန်မာစီးပွားရေးလုပ်ငန်းများမှ လုပ်ကိုင်သည့် လာဘ်စားမှု ဆန့်
ကျင်ရေးလုပ်ငန်းစဉ်များ၊ အဖွဲအစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုများနှင့် လူ့အခွင့်အရေးများ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်များအတွက်
အင်တာနက်ပေါ်တွင်ထုတ်ပြန်သော သတင်းအချက်အလက်များကို မူတည်၍ အမှတ်ပေးခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို တိုးပွားလာစေရန် အားပေးသည့် ရည်
ရွယ်ချက် ဖြစ်ပါသည်။
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
23