ဉာဏ် လင်းသစ် သု တေသနအဖွဲ့
စာ ၄
၂။ ရည်ရွယ်ချက်
၂၀၂၁ ခုနှစ်၊ နွေဦးတော်လှန်ရေး အစောပိုင်းကာလတွင် စစ်အုပ်စုသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး
သပိတ်နှင့် လှုပ်ရှားမှုများကို လက်နက်အင်အား အလွန်အကျွံ အသုံးပြု၍ ဖိနှိပ်ဖြိုခွင်းနှိမ်နင်းမှုများ ပြုလုပ်
ခဲ့သည်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့်အတူ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှု ပိုမို
အားကောင်းလာသည့် နောက်ပိုင်းတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လေကြောင်း
တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ပါသည်။ စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု (၆၄၀၀) ကြိမ် လုပ်ဆောင်ခဲ့ပြီး သေဆုံးသူ
(၃၇၇၉)၊ ထိခိုက်ဒဏ်ရာရရှိသူ (၆၇၄၄) နှင့် ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦ
စုစုပေါင်း (၈၆၈) လုံး ပျက်��ီးခဲ့ရပါသည်။
ထို့ အပြင် စစ်အုပ်စုသည် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်
ပစ်ခတ်တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းနှင့် အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ နေအိမ်
အဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်း အစရှိသည့် လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့
ကြသည်။ စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း လူ ၅ ဦးနှင့်
အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် (၅၂၆) ခုကို ကျူးလွန်ခဲ့ပါသည်။
ဤအစီရင်ခံစာသည် စစ်အုပ်စု၏ အမိန့်ပေးယန္တရား၊ ဖွဲ့စည်းပုံနှင့် တာဝန်ရှိသူများကို ဖော်ထုတ်ခြင်းဖြင့်
အမှန်တရားနှင့် တရားမျှတမှု ရှာဖွေခြင်း၊ ထိခိုက်နစ်နာသူတို့ အတွက် ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များ
တွင် အထောက်အပံ့ဖြစ်ရေးတို့ ကို တထောင့်တနေရာမှ အကျိုးပြုနိုင်ရန် ရည်ရွယ်ပါသည်။