စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? စာ ၅ ၃။ သုတေသနနည်းနာ သုတေသနစာတမ်းတွင် စစ်အုပ်စု၏ ကြည်းတပ်၊ လေတပ်၊ ရေတပ်များ၏ ဖွဲ့စည်းပုံ၊ တိုက်ခိုက်ရေးယန္တရာ များတည်ဆောက်ထားပုံနှင့် ပူးပေါင်းစစ်ဆင်ရေးများတွင် ညှိနှိုင်းဆောင်ရွက်မှုများအား လေ့လာဆန်းစစ် နိုင်ရန် စစ်တပ်နှင့်သက်ဆိုင်သည့် အချက်အလက်များ၊ သုတေသနစာတမ်း၊ စာအုပ်များ၊ အထောက် အထားစာရွက်စာတမ်းများကို အခြေခံ၍ လေ့လာဆန်းစစ်ထားခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်၏ အမိန့်ပေးယန္တရားစီးဆင်းမှုနှင့်ပတ်သက်၍ အချက်အလက်များရရှိရန် ကြည်းတပ်၊ လေတပ်၊ ရေတပ်မှ ဘက်ပြောင်းခိုလှုံလာသူ (၇) ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုများမှ ရရှိလာ သော စစ်တပ်၏ အမိန့်ပေးယန္တရားနှင့် အထောက်အထားစာတမ်းများမှ ရရှိသောအချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။ ရရှိသည့်အချက်အလက်များကို အခြေခံထားသည့်အတွက် အချို့အချက် အလက်များမှာ ကွဲလွဲမှုနှင့် လိုအပ်ချက်များရှိနိုင်ပါသည်။ စစ်အုပ်စု၏ အမိန့်ပေးယန္တရားများကို လေ့လာဆန်းစစ်ရာတွင် တိုက်ခိုက်ရေးယန္တရားများကို အဓိကထား လေ့လာထားပြီး လက်ရုံးတပ်များကို ချန်လှပ်ထားခဲ့ပါသည်။ စာတမ်းရေးသားရာတွင် တရားစွဲဆိုမှုများ၊ ရာဇဝတ်မှုမှတ်တမ်းများစသည့် တရားရေးဆိုင်ရာကိစ္စများတွင် အကိုးအကားအနေဖြင့် အသုံးပြုနိုင်ရန် ရည်ရွယ်၍ စစ်တပ်၏ တရားဝင်သတ်မှတ်ခေါ်ဆိုသည့် အသုံးအနှုန်းများကို ဖော်ပြသုံးနှုန်းထားပါသည်။

Select target paragraph3