ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၇၄ ၈.၃။ ပူးပေါင်းစစ်ဆင်ရေး ကက(ကြည်း)၏ မြေပြင်စစ်ဆင်ရေးများနှင့် ပူးပေါင်းကာ လေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်ရာ တွင် မြေပြင်တပ်များ စစ်ကြောင်းထိုးမည့် ဒေသများကို ကြိုတင်ချေမှုန်းခြင်း၊ မြေပြင်တိုက်ပွဲများတွင် လေကြောင်းစစ်ကူခြင်းနှင့် စစ်ကစားခြင်းတို့ လုပ်ဆောင်သည်။ ကကကြည်းနှင့် ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်ရန်ရှိပါက ကက(လေ)သည် ကက(လေ) စစ်ဆင်ရေးမှတဆင့် သက်ဆိုင်ရာ လေတပ်စခန်းကို အ သင့်ရှိနေရန်နှင့် နယ်မြေခံတပ်ရင်းမှူးမှ လေကြောင်းပစ်ကူပေးရန် ဆက်သွယ်လာပါက ပူးပေါင်းဆောင် ရွက်ရန် ကြိုတင်ညွှန်ကြားထားသည်။ ကက(လေ)မှ ကြိုတင်အမိန့်ပေး ညွှန်ကြားထားသည့် အခြေအနေ (သို့ မဟုတ်) စစ်ရုံးမှ တိုက်ရိုက်ကွပ်ကဲသည့် စစ်ဆင်ရေးများတွင် လေကြောင်းပစ်ကူတောင်းခံရန် လိုအပ်ပါ က လေတပ်စခန်းသို့ တိုက်ရိုက်ဆက်သွယ်တောင်းခံနိုင်သည်။ လေကြောင်းပစ်ကူ စစ်ဆင်ရေးများကို ကက(လေ)မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လေယာဉ်မှူးများက တာဝန်ယူဆောင်ရွက်လေ့ရှိသည်။ ၈.၃.၁။ စစ်ကြောင်းထိုးမည့် ဒေသများကို ကြိုတင်ချေမှုန်းခြင်း စစ်ကြောင်းထိုးမည့် ဒေသများကို ကြိုတင်ချေမှုန်းရာတွင် တိုက်လေယာဉ���များကို အများဆုံး အသုံးပြု သည်။ မြေပြင်တိုက်ပွဲများဖြစ်နေချိန်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့် ပူးပေါင်းစစ်ဆင်ရေး များတွင် ကင်းထောက်လေယာဉ်နှင့် ဗုံးကြဲလေယာဉ် အပြိုင်တက်လေ့ရှိသည်။ မြေပြင်စစ်ကြောင်းမှူးမှ ပေးပို့ သည့် အချက်အလက်နှင့် ကင်းထောက်လေယာဉ်မှ ရရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ လေကြောင်းဗုံးကြဲရမည့် ပစ်မှတ်ကို သတ်မှတ်ပြီး ဗုံးကြဲတိုက်ခိုက်သည်။ ပူးပေါင်းစစ်ဆင်ရေး များအတွက် ၎င်းနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေးကွန်ယက်တခု တည်ဆောက်ပြီး ၎င်းကွန်ယက်တွင် တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူး၊ ကကလေ စစ်ဆင်ရေး၊ မြေပြင်စစ်ကြောင်းမှူး၊ လေယာဉ်မှူးများပါဝင်ကြသည်။ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ စစ်ဆင်ရေးနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များကို ကွန်ယက်မှတဆင့် သက်ဆိုင်သူအားလုံးကို သိရှိစေပြီး ပိုမိုလျင်မြန် ထိရောက်စေရန် လုပ်ဆောင်သည်။ တိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် စစ်ဆင်ရေးတွင် အသုံးပြုလျက်ရှိသည့် တိုက်ခိုက်ရေး ယာဉ် အမျိုးအစားအပေါ်မူတည်၍ ထပ်တိုးပစ်မှတ်ကို ဗုံးကြဲတိုက်ခိုက်ရန် အမိန့်ပေးနိုင်သည်။

Select target paragraph3