စာ ၇၃ ထိုမှတဆင့် လေယာဉ်အုပ်မှူး၊ လေသူရဲများသို့ စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? အဆင့်ဆင့် ညွှန်ကြားပြီး လေယာဉ်ပျံသန်းရန်နှင့် လေကြောင်းပစ်မှတ်ကို ဗုံးကြဲတိုက်ခိုက်ရန် အမိန့်ပေးသည်။ လေယာဉ်ပျံသန်းနေစဉ် ပစ်မှတ်တည်နေရာ၊ မြေပြင်အခြေအနေအသေးစိတ်တို့ နှင့်ပတ်သက်၍ စစ်ကြောင်းမှူးနှင့် လေယာဉ်မှူးတို့ တိုက်ရိုက်ဆက်သွယ် သည်။ ကက(လေ) စစ်ဆင်ရေးသည် လေကြောင်းတိုက်ခိုက်မှုအတွက် မြေပုံညွှန်းပေးရာတွင် အများပြည်သူ ဧရိယာ၊ စစ်ရေးပစ်မှတ်အစရှိသဖြင့် ခွဲခြားပေးပို့ ခြင်းမဟုတ်ဘဲ ပစ်မှတ်တည်နေရာကိုသာ ပေးခြင်းဖြစ်ပြီး လေယာဉ်မှူးများသည် ၎င်းတို့ ရရှိသည့် ပစ်မှတ်တည်နေရာ ဖော်ပြချက်အရ လေကြောင်းတိုက်ခိုက်မှုကို ဆောင်ရွက်လေ့ရှိသည်။ စစ်ဆင်ရေးမပြုလုပ်မီ လေယာဉ်မှူးများကို တိုက်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားမှုများ လုပ်ဆောင်လေ့မရှိသော်လည်း စစ်အုပ်စု တပ်ဖွဲ့ဝင်များ၊ စစ်စခန်းများနှင့် နီးကပ်စွာရှိနေသည့် မြေပုံညွှန်းများသို့ သွားရောက်ရန်ရှိပါက မှားယွင်းပစ်ခတ်ခြင်းမရှိစေရန် ရှင်းလင်းပြောကြားမှုများ ပြုလုပ် သည်။ လေကြောင်းစစ်ဆင်ရေးတွင် အသုံးပြုမည့် လေယာဉ်အမျိုးအစားကို ဆုံးဖြတ်ကွပ်ကဲသူမှာ ဗျူဟာ ရေးဆွဲသူများဖြစ်သည်။ ပစ်မှတ်တည်နေရာ၊ ရာသီဥတု၊ အသုံးပြုမည့် ဗုံးအမျိုးအစားနှင့် ပမာဏတို့ အပေါ် မူတည်၍ တိုက်လေယာဉ်၊ သယ်ယူပို့ ဆောင်ရေး၊ ရဟတ်ယာဉ်စသဖြင့် ရွေးချယ်အသုံးပြုလေ့ရှိ သည်။ လေယာဉ်မှူးများသည် ၎င်းတို့ စစ်ဆင်ရေးပြုလုပ်ရမည့် နေရာကို မိနစ် ၃၀ (သို့ မဟုတ်) ၄၅ မိနစ်ခန့် ကြိုတင် သိရှိရသည်။ စစ်ဆင်ရေးပစ်မှတ်ကို သိရှိပြီးနောက် မြေပြင်အနေအထား၊ လောင်စာဆီလိုအပ် ချက်၊ အချိန်အတိုင်းအတာနှင့် ရာသီဥတုတို့ ကို တွက်ချက်ရ���ည်။ အစမ်းလေ့ကျင့်ပျံသန်းထားသည့် လေယာဉ်များအတွက် မိနစ် ၃၀ (သို့ မဟုတ်) ၄၅ မိနစ်အချိန်သည် လုံလောက်မှုရှိသော်လည်း အစမ်းလေ့ကျ င့်ပျံသန်းထားခြင်းမရှိသည့် လေယာဉ်များအတွက် လေကြောင်းတိုက်ခိုက်ရန် ပြင်ဆင်ချိန်သည် အနည်း ဆုံး ၃ နာရီမှ ၄ နာရီအထိ လိုအပ်သည်။ ထို့ ကြောင့် အစမ်းလေ့ကျင့်ပျံသန်းမှုပြုလုပ်ထားသည့် လေယာဉ် နှင့်အတူ လေယာဉ်မှူးများသည် နေ့ဆိုင်း၊ ညဆိုင်းဖြင့် အသင့်အနေအထား ပြင်ဆင်ထားရသည်။ ပုံ ၅၀ - တောင်သာမြို့နယ်၊ ရွှေစည်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း ရင်းမြစ် - မြန်မာနောင်း (၂၆ ဇန် ၂၀၂၅)

Select target paragraph3