စာ ၆၀
ဉာဏ် လင်းသစ် သု တေသနအဖွဲ့
၇.၁။ ပျံသန်းရေး လေတပ်စခန်းဌာနချုပ်များ
၁၉၆၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မှော်ဘီလေတပ်စခန်းကို မှော်ဘီလေတပ်စခန်းဌာနချုပ်အဖြစ်
လည်းကောင်း၊ မင်္ဂလာဒုံလေတပ်စခန်းကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်အဖြစ်လည်းကောင်း၊ မိတ္ထီလာ
လေတပ်စခန်းကို မိတ္ထီလာ (ရှမ်းတဲ) လေတပ်စခန်းဌာနချုပ်အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၁၉၉၀-၉၉ ခုနှစ်နှောင်းပိုင်းတွင် နမ့်ဆန်လေတပ်စခန်းဌာနချုပ်နှင့် တောင်ငူလေတပ်စခန်းဌာနချုပ်တို့ ကို
တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လေတပ်စခန်းဌာနချုပ်များကိုလည်း အမည်ပြောင်းလဲခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များတွင်
မြိတ်နှင့် မကွေးလေတပ်စခန်းဌာနချုပ် ၂ ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ဟုမ္မလင်းနှင့် ပုသိမ်တွင်လည်း
လေတပ်စခန်းဌာနချုပ်များကို ဖွဲ့စည်းခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) အောက်ရှိ ပျံသန်းရေး လေတပ်စခန်းဌာနချုပ် ၈ ခု မှာ မင်္ဂလာဒုံလေတပ်
စခန်းဌာနချုပ် (ဒလခ-မင်္ဂလာဒုံ)၊ မြစ်ကြီးနား လေတပ်စခန်းဌာနချုပ် (နလခ-နန်ပေါင်)၊ နမ့်စန် လေတပ်
စခန်းဌာနချုပ် (စလခ-နမ့်စန်)၊ တောင်ငူ လေတပ်စခန်းဌာနချုပ် (တလခ-တောင်ငူ)၊ မြိတ်လ��တပ်စခန်း
ဌာနချုပ် (မလခ-မြိတ်)၊ မကွေး လေတပ်စခန်းဌာနချုပ် (ကလခ-မကွေး)၊ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်
(ဟလခ-ဟုမ္မလင်း)၊ ပုသိမ် လေတပ်စခန်းဌာနချုပ် (ပလခ-ပုသိမ်) တို့ ဖြစ်သည်။ လေတပ်စခန်းများအနေ
ဖြင့် နေပြည်တော် လေတပ်စခန်း (အေလာ)၊ မှော်ဘီ လေတပ်စခန်းနှင့် တံတားဦးလေတပ်စခန်းတို့ ဖွဲ့စည်း
ထားသည်။
ပျံသန်းရေး လေတပ်စခန်းဌာနချုပ်တခုတွင် ပျံသန်းရေးအုပ်များ၊ ကြားဖြတ်တိုက်ခိုက်ရေးအုပ်၊ တိုက်ခိုက်
ရေးအုပ်၊ ဗုံးကြဲလေယာဉ်အုပ်၊ ကင်းထောက်လေယာဉ်အုပ်၊ သယ်ယူပို့ ဆောင်ရေးအုပ်၊ ရဟတ်ယာဉ်အုပ်၊
လေကြောင်းညှိနှိုင်းရေးကွပ်ကဲမှုဌာနများ၊ လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနများ၊ စက်မှုလက်မှု
တပ်များ၊ အုပ်ချုပ်ရေးတပ်များ၊ လေကြောင်းထိန်းဌာန (Air Traffic Control - ATC) တို့ ရှိသည်။