စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၅၉
၇။ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)
ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ ကွပ်ကဲမှုအောက်တွင် ပျံသန်းရေးလေတပ်စခန်းဌာနချုပ်များ၊ လေ့ကျင့်
ရေး လေတပ်စခန်းဌာနချုပ်များ၊ ရေဒါအုပ်များ၊ ပြင်ဆင်ရေးဌာနချုပ်နှင့် အခြားတပ်ဖွဲ့များရှိသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)
ပျံသန်းရေးဌာနချုပ်များ
လေ့ကျင့်ရေးလေတပ်စခန်းဌာနချုပ်များ
ရေဒါအုပ်များ
ပြင်ဆင်ရေးဌာနချုပ်
အခြားတပ်ဖွဲ့များ
ပုံ ၄၆ - ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ဖွဲ့စည်းတည်ဆောက်ပုံ
၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လေတပ်ကို စတင်တည်ထောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မိတ္ထီ
လာ၌ လေတပ်စခန်းကို တည်ဆောက်ခဲ့သော်လည်း ၁၉၅၀ ပြည့်နှစ် အစောပိုင်းကာလများအထိ လေ
ကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခြင်းများကို မတွေ့ရှိရပါ။ ၁၉၅၀ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် မှော်ဘီ
လေတပ်စခန်း၊ ဇွန်လ ၁၆ ရက်နေ့တွင် မင်္ဂလာဒုံ လေတပ်စခန်းနှင့် မင်္ဂလာဒုံ လေတပ်လေ့ကျင့်ရေးစခန်းတို့
ကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၁ ခုနှစ်၊ ဧပြီလတွင် မင်္ဂလာဒုံ လေတပ်လေ့ကျင့်ရေးစခန်းကို မှော်ဘီသို့ ပြောင်း
ရွေ့ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် မိတ္တီလာ လေတပ်စခန်းသို့ ထပ်မံပြောင်းရွေ့ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် မြစ်ကြီး
နား၌ လေတပ်စခန်းကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် မင်္ဂလာဒုံ လေတပ်ထိန်းချုပ်ရေးစခန်းဖွင့်လှစ်ခဲ့ပြီး ရွေ့လျားလေတပ်ထိန်းချုပ်ရေးစခန်း
ကို တာချီလိတ်အနီးတွင် ဖွင့်လှစ်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် နမ့်ဆန် လေတပ်ထိန်းချုပ်ရေးစခန်း (ရေဒါ
စခန်း) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် နမ့်ဆန် ရေဒါစခန်းအား အမှတ် (၇၁) ရေဒါအုပ်အဖြစ်
ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ထို့ အပြင် အမှတ် (၇၂) ရေဒါအုပ်၊ အမှတ် (၇၃) ရေဒါအုပ်နှင့် အမှတ် (၇၄) ရေဒါ
အုပ်တို့ ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။