ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၅၆ ရေတပ်စခန်းဌာနချုပ် ၃ ခုနှင့် ကာကွယ်ရေးဦးစီးချုပ်ဌာန (ရေ) ၏ ကွပ်ကဲမှုအောက်တွင် ရေတပ်စခန်း ၄ ခု ဖွဲ့စည်းထားသည်။ ရခိုင်ရေတပ်စခန်းဌာနချုပ်သည် စစ်တွေရေတပ်စခန်းအား ကွပ်ကဲရပြီး အဆိုပါရေတပ် စခန်းအား ၁၉၆၁ ခုနှစ်တွင် ဓညဝတီရေတပ်စခန်းအဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ မော်လမြိုင်ရေတပ် စခန်းသည် တနင်္သာရီရေတပ်စခန်းဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး အဆိုပါရေတပ်စခန်းအား ၁၉၆၁ ခုနှစ်တွင် မောရဝတီရေတပ်စခန်းအဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ဧရာဝတီရေတပ်စခန်းဌာနချုပ်နှင့် ရန်ကုန်ကာကွယ် ရေး ဦးစီးချုပ်ဌာန (ရေ)တို့ သည် ပုသိမ်ရေတပ်စခန်းနှင့် ရတနာ ပုံရေတပ်စခန်းတို့ ကို အသီးသီးကွပ်ကဲရသည်။ ၁၉၉၀-၉၉ ခုနှစ်များတွင် ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို ကျောက် ဖြူမြို့တွင်လည်းကောင်း၊ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ် ကို ဟိုင်းကြီးကျွန်းတွင်လည်းကောင်း၊ တနင်္သာရီ ရေတပ် စခန်းဌာနချုပ်ကို ကျွန်းစုတွင်လည်းကောင်း ဖွဲ့စည်းခဲ့ သည်။ ၁၉၅၆ ခုနှစ်တွင် သန်လျင်၌ စတင်ဖွဲ့စည်းခဲ့သည့် ရေတပ်လေ့ကျင့်ရေးကျောင်းအား ၂၀၁၅ ခုနှစ်၊ အောက် တိုဘာလ ၁ ရက်နေ့တွင် ရေတပ် လေ့ကျင့်ရေး ဌာနချုပ် အဖြစ် တိုးမြင့်ဖွဲ့စည်းခဲ့ပြီး ဆိပ်ကြီးခနောင်တိုသို့ ပြောင်း ဓညဝတီ ရွေ့ခဲ့သည်။ ယခုအချိန်ထိ ရေတပ်စခန်းဌာနချုပ် ၅ ခုရှိပြီး ၎င်းတို့ မှာ သန်လျက်စွန်းအခြေစိုက် ဧရာဝတီ ရေတပ်စခန်း ဧရာဝတီ ဌာနချုပ်၊ စစ်တွေအခြေစိုက် ဓညဝတီ ရေတပ်စခန်း ဌာနချုပ်၊ ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္ပဝတီ ရေတပ်စခန်း ဌာနချုပ်၊ ကံပေါက်အခြေစိုက် မောရဝတီ ရေတပ်စခန်း ပမ္ပဝတီ ဌာနချုပ်နှင့် ကျွန်းစုအခြေစိုက် တနင်္သာရီ ရေတပ်စခန်း မောရဝတီ ဌာနချုပ်တို့ ဖြစ်သည်။ တနင်္သာရီ ပုံ ၄၂ - ရေတပ်စခန်းဌာနချုပ်များ တည်နေရာပြမြေပုံ

Select target paragraph3