စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၅၅
၆။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ သံလျက်စွန်းတွင် ပင်မရေတပ်စခန်းကို
ဖွဲ့စည်းခဲ့သည်။ ရန်ကုန်အခြေစိုက် ရတနာပုံရေတပ်စခန်းအပြင် ၁၉၅၀-၅၉ ခုန��စ်အတွင်းတွင် စစ်တွေ
အခြေစိုက် ရခိုင်ရေတပ်စခန်း၊ မော်လမြိုင်ရေတပ်စခန်း၊ ပုသိမ်ရေတပ်စခန်းနှင့် မန္တလေးရေတပ်စခန်းတို့
ကို တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် စစ်ရုံးပြန်လည်ဖွဲ့စည်းချိန်တွင် ရေတပ်ဦးစီးချုပ်ကို ဒုတိယ
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ရေတပ်စခန်းများကို ရေတပ်
စခန်းဌာနချုပ်များအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သော ရခိုင်
ရေတပ်စခန်းအား ၁၉၅၆ ခုနှစ်တွင် ရခိုင်ရေတပ်စခန်းဌာနချုပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထို့ အပြင်
မေလ ၁၆ ရက်နေ့တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်နှင့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် တနင်္သာရီ
ရေတပ်စခန်းဌာနချုပ်တို့ ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။၁၉၅၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မန္တလေးရေတပ်စခန်း
အား ၁၉၅၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။
၁၉၅၆ ခုနှစ်တွင် ရေတပ်စခန်းဌာနချုပ် ၃ ခု ဖွဲ့စည်းထားပြီး ရေခိုင်ရေတပ်စခန်းဌာနချုပ်သည် စစ်တွေ၊
ကျောက်ဖြူ၊ သံတွဲအပါအဝင် ရခိုင်ကမ်းရိုးတန်းနှင့် ပင်လယ်နယ်နိမိတ်အထိ ကွပ်ကဲသည်။ ဧရာဝတီ
ရေတပ်စခန်းဌာနချုပ်သည် ဧရာဝတီ၊ ချင်းတွင်းနှင့် စစ်တောင်းမြစ်ရိုးတလျှောက်နှင့် ပုသိမ်၊ ဟင်္သတ၊
မြောင်းမြ၊
မအူပင်၊
ဖျာပုံခရိုင်အတွင်းရှိ
မြစ်ကြောင်းများအပြင်
ကမ်းလွန်ပင်လယ်ပြင်တို့ အထိ
ကွပ်ကဲသည်။ ဧရာဝတီရေတပ်စခန်းဌာနချုပ်သည် ရခိုင်ရေတပ်စခန်းဌာနချုပ်နှင့် တနင်္သာရီရေတပ်စခန်း
ဌာနချုပ်တို့ ကွပ်ကဲသည့် နယ်မြေမှအပ အခြားနယ်မြေများအားလုံးကို ကွပ်ကဲရသည်။ တနင်္သာရီရေတပ်
စခန်းဌာနချုပ်သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး တနင်္သာရီကမ်းရိုးတန်းတလျှောက် ကမ်းလွန်ပင်လယ်
ပြင်နှင့် မြိတ်ကျွန်းစု၊ သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အတ္တ ရံမြစ်ရိုးတလျှောက် ကွပ်ကဲရသည်။