စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၁၉
၅.၂.၁။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကို မြစ်ကြီးနားမြို့တွင် အခြေစိုက်ပြီး ကချင်ဒေသ၊ ရှမ်း (မြောက်)
ဒေသမှ မိုးမိတ်ခရိုင်နှင့် စစ်ကိုင်းဒေသမှ နန်းယွန်းမြို့နယ်တို့ ပါဝင်သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏
ကွပ်ကဲမှုအောက်တွင် ခြေလျင်တပ်ရင်း (ခလရ) ၂၁ ခု၊ ခြေမြန်တပ်ရင်း (ခမရ) ၅ ခု၊ စုစုပေါင်း တပ်ရင်း
၂၆ ခု ရှိသည်။ ထို့ အပြင် ဒကစအနေဖြင့် တနိုင်းမြို့အခြေစိုက် ဒကစ (တနိုင်း) အား ဖွဲ့စည်းထားရှိသည်။
မပခ တိုင်းစစ်နယ်မြေတွင် မိုးကောင်းအခြေစိုက် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ဗန်းမော်
အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တို့ လည်းပါဝင်သည်။ လက်ရှိ မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးရာထူးမှ
ပြောင်းရွေ့လာသူဖြစ်ပြီး အလုပ်သင်ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၂၄ ကျောင်းဆင်းဖြစ်သည်။
ဗိုလ်ချုပ်တေဇကျော်
ဗိုလ်ချုပ်ကိုကိုမောင်
ဗိုလ်ချုပ်အောင်ဇော်ထွေး
ကြည်း - ၂၀၂၇၈
ကြည်း - ၂၈၁၃၃
ကြည်း - ၂၉၂၀၈
OTS - ၇၃
DSA - ၃၈
OTC - ၂၄
ဩ ၂၀၂၂ - ဇူ ၂၀၂၃
ဧ ၂၀၁၈ - ဖေ ၂၀၂၁
ဖေ ၂၀၂၁ - သြ ၂၀၂၂
မတ် ၂၀၂၄ - လက်ရှိ
ဇူ ၂၀၂၃ - မတ် ၂၀၂၄
ဗိုလ်ချုပ်မြတ်သက်ဦး
ဗိုလ်ချုပ်စိုးလှိုင်
ကြည်း - ၂၈၂၃၉
ကြည်း - ၂၉၁၈၀
DSA - ၃၈
OTC - ၂၄
ပုံ ၈ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ကြသူများ