ဉာဏ် လင်းသစ် သု တေသနအဖွဲ့
စာ ၁၈
တိုင်းစစ်ဌာနချုပ် ၁၄ ခုကို စစ်နယ်မြေများ သတ်မှတ်ထားပြီး တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းလက်အောက်
ခံ ခြေလျင်တပ်ရင်း (ခလရ)၊ ခြေမြန်တပ်ရင်း (ခမရ) များဖွဲ့စည်းထားသည်။ တိုင်းစစ်ဌာနချုပ်များအလိုက်
လက်အောက်ခံ တပ်ရင်းအရေအတွက်���ှာ မတူညီပေ။ တိုင်းစစ်ဌာနချုပ်များတွင် တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊
တိုင်းစစ်ဦးစီးမှူးနှင့် စစ်ဦးစီးပထမတန်း ၇ ယောက် (ဦး - ၃၊ ရေး - ၂၊ ထောက် - ၂) ဖြင့် ဦးစီးအုပ်ချုပ်
သည်။ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်များအပြင် အခြေချစစ်
ဗျူဟာ (စဗခ)၊ လှုပ်ရှားစစ်ဗျူဟာ (စဗဟ) များကို ဖွဲ့စည်းကာ နယ်မြေအလိုက် စစ်ဆင်ရေးများကို တာဝန်
ယူဆောင်ရွက်သည်။ နယ်မြေတည်နေရာအလိုက် အခြေချစစ်ဗျူဟာနယ်မြေများကို ပုံသေသတ်မှတ်ပြီး
ကျန်နေရာများကို စီမံကွပ်ကဲရန် ပြုပြင်ပြောင်းလဲလွယ်သည့် လှုပ်ရှားစစ်ဗျူဟာနယ်မြေအဖြစ် သတ်မှတ်
ထားသည်။ တိုင်းစစ်ဌာနချုပ်တခုတွင် အခြေချစစ်ဗျူဟာ (စဗခ) ၂ ခုနှင့် လှုပ်ရှားစစ်ဗျူဟာ (စဗဟ) ၂ ခု
ခန့် သတ်မှတ်ထားလေ့ရှိသည်။
တိုင်းစစ်ဌာနချုပ်
တိုင်းမှူး (ဗိုလ်ချုပ်)
စစ်ဗျူဟာမှူး(ဗိုလ်မှူးကြီး)
စစ်ဗျူဟာ
ဒု-စစ်ဦးစီး(ဗိုလ်မှူး)
တိုင်းဦးစီး (ဗိုလ်မှူးကြီး)
တ-စစ်ဦးစီး(ဗိုလ်ကြီး)
စစ်ဦးစီးဌာန
စစ်ရေးဌာန
ဒုတိုင်းမှူး (ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ်)
စစ်ထောက်ဌာန
စစ်ဘက်ရေးရာ လုံခြုံရေးဌာန
စစ်ဆေးရေးဌာန
ပုံ ၇ - တိုင်းစစ်ဌာနချုပ်၏ ဖွဲ့စည်းတည်ဆောက်ပုံ
ပြည်သူ့စစ်ဌာန
စစ်ဥပဒေဌာန