စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? စာ ၉ ၅.၁။ စစ်ဆင်ရေးအထူးအဖွဲ့များ ဖွဲ့စည်းမှုသမိုင်း ရှေ့တန်းစစ်မျက်နှာရှိ တပ်များကို ကြီးကြပ်ကွပ်ကဲမည့် စစ်ဆင်ရေးအထူးအဖွဲ့ကို ၁၉၇၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ ၎င်းစစ်ဆင်ရေးအထူးအဖွဲ့သည် စစ်ဆင်ရေးနှင့် လုံခြုံရေးကို ကြပ်မတ်ကွပ်ကဲရပြီး အတို ကောက်အားဖြင့် ကစထ ဟု ခေါ်သည်။ စစ်ဆင်ရေးအထူးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့ရာ ၁၉၇၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့နှင့် အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့ ဖွဲ့စည်းခဲ့သည်။ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ ကို ကွပ်ကဲရသည်။ အမှတ် (၂) စစ် ဆင်ရေးအထူးအဖွဲ့သည်​ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကို ကွပ်ကဲရသည်။ ၂၀၀၂ ခုနှစ်တွင် စစ်ဆင်ရေး အထူးအဖွဲ့ ၂ ခုကို ထပ်မံ တိုးချဲ့ဖွဲ့စည်းခဲ့ရာ စစ်ဆင်ရေးအထူးအဖွဲ့ ၄ ခုအထိ ရှိလာခဲ့သည်။ ၂၀၀၅ ခုနှစ် တွင် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် စစ်ရုံးကို နေပြည်တော် သို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီးနောက် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့သည်။၂၀၂၅ ခု နှစ်၊ စက်တင်ဘာလအထိ စစ်ဆင်ရေးအထူးအဖွဲ့ ၆ ခုသည် တိုင်းစစ်ဌာနချုပ် ၁၄ ခုအား ကွပ်ကဲခဲ့သည်။ သို့ သော် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့ကိုဖျက်သိမ်း၍ ကစထအဖွဲ့ ၅ ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့်အတွက် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့သည် အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တို့ ကို ကွပ်ကဲရမည်ဖြစ်သည်။ ယခင် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့ကွပ်ကဲမှု အောက်တွင် ရှိသည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့အောက်သို့ ပြောင်းရွေ့ခဲ့ သည်။ ကစထဖွဲ့စည်းပုံကို ပြောင်းလဲပြင်ဆင်လိုက်သည့်အတွက် အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ ကွပ်ကဲ မှု အောက်တွင်ရှိသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သည် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့ကွပ်ကဲမှုသို့ ရောက်ရှိသွားသော်လည်း အမှတ် (၂)နှင့် အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့များ၏ ကွပ်ကဲမှုဒေသများ သည် အပြောင်းအလဲ မရှိခဲ့ပေ။

Select target paragraph3