ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၈ ၅။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကွပ်ကဲမှုအောက်တွင် ကြည်းတပ်သည် အင်အားစုစည်းမှု အများ ဆုံးဖြစ်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရာထူးကို ပူးတွဲထမ်းဆောင်လေ့ရှိသည်။ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သည် စစ်ဆင်ရေးအထူးအဖွဲ့ ကစထ ၅ ခုအပါအဝင် ဦးစီးရုံး ၁၁ ရုံးကိုကွပ်ကဲရသည်။ ကက (ကြည်း) ၏ ကွပ်ကဲမှုအောက်ရှိ ရုံးများမှာ စစ်ဦးစီး ချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ တပ်မ���ော်စစ်ဆေးရေး အရာရှိချုပ်ရုံး၊ စစ်ရာထူးခန့်ချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံး၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံ ရေးအရာရှိချုပ်ရုံး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိ ချုပ်ရုံး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံးတို့ ဖြစ်ကြသည်။ စစ်ဆင်ရေး အထူးတပ်ဖွဲ့များသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၏ စစ်ဆင်ရေးတွင် အရေးအပါဆုံး စုစည်းမှု အင်္ဂါစဉ်ဖြစ်ပြီး မြန်မာပြည်အနှံ့စစ်ဆင်ရေးဒေသများအား စစ်တိုင်းများအလိုက် ပေါင်းစည်းပြီး ကွပ်ကဲမှု ပေးသည်။ ကက(ကြည်း) ကွပ်ကဲမှုအောက်ရှိ ရုံးများ စစ်ဦးစီးချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ တပ်မတော်စစ်ဆေးရေး အရာရှိချုပ်ရုံး၊ စစ်ရာထူးခန့်ချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံး၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး၊ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံး

Select target paragraph3