၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၈။ အကြံပြုချက်များ ၁။ နိုင်ငံတကာအသိုင်းအဝိုင်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့် ချုးဖောက် ိ မှုများကို ဆက်လက်စောင့်ကြည့်၍ စစ်တပ်ဘက်မှ လူ့အခွင့်အရေး ချုးဖောက် ိ နေမှုများ��ား တာဝန်ခံမှု ရှိစေရန် ဖိအားပေးဆောင်ရွက်သင့်သည်။ ထို့ပြင် ဆိုးရွား လာနေသော လူ့အခွင့်အရေး ချုးဖောက် ိ မှုများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ် ဘေးအခြေအနေများကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သင့်သည်။ အထူးသဖြင့် မြန်မာစစ်တပ်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအောက်တွင် ပြုလုပ် သည့် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်မှ တစ်ဆင့် တရားဝင်မှုကို ရယူရန် ကြိုး ပမ်းမှုများကို ပြတ်သားစွာ ငြင်းပယ်ရန်နှင့် ယင်းမှ ပေါ်ပေါက်လာသော မည်သည့် ရလဒ် သို့မဟုတ် အုပ်ချုပ်မှု ပုံစံကိုမျှ အသိမှတ်မပြုရန်လိုအပ်သည်။ ၂။ လူမှုကွန်ယက်ပလက်ဖောင်းများနှင့် သတင်းအချက်အလက်ဆိုင်ရာ တာဝန်ရှိသူများ တယ်လီဂရမ် (Telegram) နှင့် ဖေ့စ်ဘွတ်ခ် (Facebook) အပါအဝင် အခြားသော လူမှုကွန် ယက်ပလက်ဖောင်းများကို အသုံးပြု၍ လူတဉီးချင်းကို ပစ်မှတ်ထား ဖိနှိပ်ခြင်း၊ တိုင်ကြားရန် လှုံ့ဆော်ခြင်းနှင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းကို တားဆီးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ က ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်သည်။ အထူးသဖြင့် လူထုအပေါ် စစ်တပ်လော်ဘီအုပ်စုမှ ပစ်မှတ်ထားခြင်း၊ လူမှုရေးအရ နှောင့်ယှက်ခြင်းနှင့် အကြမ်းဖက် လှုံ့ဆော်ခြင်း မက်ဆေ့များပါဝင်သော ဖော်ပြချက်များကို အမြန်ဆုံး ဖယ်ရှားသင့်သည်။ ၃၇

Select target paragraph3