၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ထို့ပြင် စစ်တပ်လိုလားသော တယ်လီဂရမ်ချန်နယ်များမှ လူပုဂ္ဂိုလ်များကို အမည်တပ်၍ ဖော် ထုတ်ခြင်း၊ တိုင်ကြားရန် လှုံ့ဆော်ခြင်းနှင့် ဖမ်းဆီးမှုများကို ထောက်ခံအားပေးရန် ပြုလုပ်ခြင်း တို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ရာတွင် လူမှုကွန်ယက်ကိုပါ စနစ်တကျ အသုံးချနေ ကြောင်း ပြသနေသည်။ ယင်းသည် အစိုးရ၏ အာဏာသုံး ဖိနှိပ်မှုသာမက လူမှုနယ်ပယ် အတွင်းတွင်ပါ ကြောက်ရွံ့မှုနှင့် စောင့်ကြည့်မှု ယန္တရားများကို တိုးချဲ့ထားခြင်းဖြစ်သည်။ အကျဉ်းချုပ်အားဖြင့် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကာလသည် ၎င်းတို့ မျှော်မှန်းခဲ့ သည့် လွတ်လပ်ပြီး တရားမျှတသော နိုင်ငံရေးယှဉ်ပြိုင်မှုတရပ်အဖြစ် မဖြစ်ပေါ်ခဲ့သည့်အပြင် လူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုကန့်သတ်ပြီး ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့ပြီး လူထု၏အသက် အန္တရာယ်ကိုပါ သက်ရောက်မှုရှိခဲ့သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဤ ရွေးကောက်ပွဲကို အကြမ်းဖက် စစ်တပ်၏ နိုင်ငံရေးအာဏာတည်မြဲရေးအတွက် အသုံးချထားသော အတုအယောင် လုပ်ငန်းစဉ် တရပ် အဖြစ်သာ သတ်မှတ် မှတ်ချက်ချနိုင်သည်။ ၃၆

Select target paragraph3