၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၅။ လွတလ ် ပ်စာွ ထုတဖ ် ော်ပြောဆိခ ု င ွ အ ့် ား ဖိနပ ိှ ခ ် သ ့ဲ ည့် ထင်ရာှ းသော ဖြစ်စဉ်များ ၅.၁။ လူမှုကွန်ယက်တွင် ရွေးကောက်ပွဲကို ဝေဖန်ခြင်းကြောင့် ရွေးကောက်ပွဲဉပဒေဖြင့် ပထမဉီးဆုံး ထောင်ဒဏ် (၇) နှစ် ချမှတ်ခံမှု ရွေးကောက်ပွဲကာကွယ်ရေး ဉပဒေကို ပြဌာန်းပြီးနောက် ထိုဉပဒနှင့် ပထမဆုံး အရေးယူခံရသူ မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့မှ အမျုးသားတဉီ ိ းဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့နေ ကိုနေသွေးသည် သြဂုတ်လ ၂၃ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ထင်မြင်ချက် တရပ်ကို ဖော်ပြခဲ့သည်။ သြဂုတ်လ (၂၅) ရက်နေ့တွင် ကိုနေသွေးကို ဖမ်းဆီးပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် တောင်ကြီးမြို့နယ်တရားရုံးမှ ရုံးထုတ်ခြင်း နှင့် အမိန့် ချမှတ်ခြင်းတို့ကို တနေ့တည်း ပြုလုပ်ခဲ့သည်။ ကိုနေသွေးကို ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တား ဖျက်��ီးခြင်းမှ ကာကွယ်ပေးရေးဉပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ 18 ကိုနေသွေး၏ ဖြစ်စဉ်သည် လူမှုမီဒီယာပေါ်တွင် မိမိ၏ ထင်မြင်ချက်ကို ဖော်ပြရုံ မျှဖြင့် ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်းဟု သတ်မှတ်ခံရကာ ပြင်းထန်သော ပြစ်ဒဏ်ချမှတ်နိုင်သည့် ဉပဒေရေးရာပုံစံ တရပ်ကို ပြသနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုများကို ထင်ရှားစွာ ထင်ဟပ်နေသည်။ 18 တောင်ကြီးတွင် ရွေးကောက်ပွဲဉပဒေဖြင့် အမျုးသား ိ ၁ ဦး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ. (2025, September 10). DVB Myanmar. ၂၆

Select target paragraph3