၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း အဆိုပါ ဝါဒဖြန့် တယ်လီဂရမ် ဖော်ပြချက်များကို ဆန်းစစ်ရာတွင် လူထုအတွင်း ကြောက်ရွံ့ မှုနှင့် ဖိအားများ ဖြစ်ပေါ်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရည်ရွယ်ရေးသားထားသော ဖော်ပြချက်များမှာ စုစုပေါင်း၏ ၃၂.၅ ရာခိုင်နှုန်းခန့် ရှိသည်ကို တွေ့ရသည်။ အရေအတွက်အားဖြင့် ဖော်ပြချက် (၁၃) ခုခန့်ရှိပြီး ၎င်းတို့ကို တယ်လီဂရမ်ချန်နယ် (၈) ခုမှတဆင့် စနစ်တကျ ဖြန့်ချခဲိ ့ခြင်း ဖြစ်သည်။ ဖော်ပြချက်များတွင် ရွေးကောက်ပွဲကို မထောက်ခံသူများကို ရန်သူဟုသတ်မှတ်ခြင်း၊ ဒီမိုက ရေစီကို ဖျက်စီးသူအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခံရမည်ဟု ခြိမ်းခြောက်ခြင်းတို့ဖြင့် နိုင်ငံရေးအမြင် မတူသူများကို အုပ်စုတခုအဖြစ် ခွဲခြားကာဖိအားပေးသည်ကို တွေ့ရသည်။ ထို့အပြင် ရွေးကောက်ပွဲကို ဆန့်ကျင်သော နယ်မြေများကို ဗုံးကြဲမည်ဟူသည့် တိုက်ရိုက် ခြိမ်းခြောက်မှုများကိုလည်း တွေ့ရပြီး ပြည်သူ၏ အကြောက်တရားကို အမြင့်ဆုံးအဆင့်ထိ တိုးမြှင���်သည့် အကြမ်းဖက်သဘောများ ပါဝင် နေသည်။ ထို့အပြင် အချု့သောဖော် ိ ပြချက်များတွင် လူထု၏ လူမှုကွန်ယက်မှ လှုပ်ရှားမှုများကို စောင့်ကြည့် ရန် လှုံ့ဆော်ခြင်း၊ ဉပမာ လူမှုကွန်ယက် စာမျက်နှာများကို follow လုပ်ထားခြင်း၊ like သို့မဟုတ် reaction ပေးထားခြင်းတို့ကို စစ်ဆေးရန် တိုက်တွန်းခြင်းတို့သည် လူမှုကွန်ယက် အသုံးပြုမှုကိုပင် အန္တရာယ်ရှိသော လုပ်ရပ်တခုအဖြစ် ပုံသွင်းနေခြင်းဖြစ်သည်။ ထို့အပြင် လူထုမှ ပါဝင်ပူးပေါင်းမှု မရှိ ပါက တာဝန်မကျေပွန်သော နိုင်ငံသားဟု သတ်မှတ်ခံရမည် ဟူသည့် သတင်းစကားကလည်း လူမှုဖိအား ကိုအသုံးပြု၍ လိုက်နာရန် တွန်းအားပေးခြင်းဖြစ်ပြီး မလိုက်နာပါက လူမှုရေးအရ အပြစ်တင်ခံရမည် ဟု သွယ်ဝိုက် ခြိမ်းခြောက်နေခြင်းဖြစ်သည်။ ၂၅

Select target paragraph3