၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ထို့အပြင် အချု့သော ိ တယ်လီဂရမ် ဖော်ပြချက်များတွင် ရုပ်ရှင်သရုပ်ဆောင်များနှင့် အနုပညာ ရှင်များကို မူးယစ်မှုကဲ့သို့သော အခြားရာဇဝတ်မှုများနှင့် ချတ် ိ ဆက်ကာ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းများ လည်းရှိသည်။ ဤသို့သော ပုံစံများသည် ဉပဒေကို တိုက်ရိုက် အသုံးပြုခြင်းသာမက အခြားရာဇဝတ်မှု ခေါင်းစဉ်များကိုပါ ပေါင်းစပ်အသုံးပြု၍ ပြည်သူလူထုကို ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း ထင်ရှားသည်။ ဉပမာ ပြည်ပတွင်နေထိုင်သော အနုပညာရှင်တဉီး၏ မိသားစုကို ငွေကြေးလမ်းကြောင်းများ စိစစ်၍ အခွန်ရှောင်မှု သို့မဟုတ် တရားမဝင် ငွေကိုင်ဆောင်မှုများဖြင့် အရေးယူရန် လှုံ့ဆော်ထားသည့် ဖော်ပြ ချက်များကိုလည်း တွေ့ရသည်။ ဤအချက်သည် တဦးချင်းသာမက မိသားစု အဆင့်အထိ ဉပဒေဆိုင်ရာ ဖိအ���းကို ချဲ့ထွင် အသုံးပြုနေကြောင်း ပြသပြီး လူထု၏ ကြောက်ရွံ့မှုကို ပိုမို တိုးမြှင့်စေခြင်းဖြစ်သည်။ ၂၂

Select target paragraph3