၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၄.၅.၂။ ဉပဒေကြောင်းအရ ခြိမ်းခြောက်ခြင်း ဉပဒေကိုအသုံးချ၍ လွဝ်လပ်စွာ ထုတ်ဖော်ပြောဆိုသည့် လှုပ်ရှားမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ��သည့် ပုံစံများကိုလည်း စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် တွေ့ရသည်။ အသံအဖွဲ့က စောင့်ကြည့်ကောက်ယူခဲ့သည့် တယ်လီဂရမ် ချန်နယ် ၁၅ ရာခိုင်နှုန်း ခန့်တွင် ထိုပုံစံများ ကို တွေ့ရှိရပြီး ထိုသို့သော ဖော်ပြမှု (၆)ခုခန့်ကို ချန်နယ် (၃) ခု မှ တင်ထားသည်ကို တွေ့ရှိရသည်။ ရွေးကောက်ပွဲကို ဝေဖန်ခြင်း၊ ကမ်ပိန်းတွင် မပါဝင်ခြင်း သို့မဟုတ် သတင်းဖော်ပြချက်များအောက်တွင် မှတ်ချက်ပေးခြင်း ကဲ့သို့သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွင်း ပါဝင်သင့်သော လုပ်ရပ်များကို ရွေးကောက်ပွဲဆိုင်ရာ ဉပဒေများအောက်တွင် ဖမ်းဆီးနိုင်သော ရာဇဝတ်မှုများအဖြစ် သတ်မှတ်ဖော်ပြ သည်ကို တွေ့ရသည်။ ပုံ(၇) ဘညွန့် တယ်လီဂရမ်ချန်နယ်တွင် မော်ဒယ်သရုပ်ဆောင် ခါရာ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်မှုကို အခွန်ရှောင်မှုနှင့် ငွေကြေးခဝါချမှု ဥပဒေများဖြင့် အရေးယူရန် လှုံ့ဆော်နေမှု ၂၁

Select target paragraph3