၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ခြင်း၊ ထင်မြင်ယူဆချက်များ ဖလှယ်ခြင်းနှင့် ဆန္ဒထုတ်ဖော်ခြင်း လုပ်ရပ်များအားလုံးကို ရာဇဝတ်မှု အဖြစ် သတ်မှတ်ထားကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အပြင်းအထန် ကန့���သတ် ထားသည် ကို တွေ့ရသည်။ ၎င်းအပြင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လှုံ့ဆော်ခြင်း သို့မဟုတ် ရွေးကောက်ပွဲ ကော်မရှင် (Union Election Commission - UEC) ကို ဝေဖန်ခြင်းအပါအဝင် ၎င်းတို့အား ဆန့်ကျင်သည့် လုပ်ရပ်များအားလုံးကိုပါ အကျုံးဝင်စေရန် ကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ အသံအဖွဲ့၏ စောင့်ကြည့်လေ့လာမှုများအရ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝေဖန်ထုတ်ဖော်မှုများကို ဖိနှိပ်ဖြိုခွင်းရာတွင် ရွေးကောက်ပွဲကာကွယ်ရေး ဉပဒေ ပုဒ်မ ၂၃ (က) နှင့် ၂၄ (က) တို့ကို အများဆုံးအသုံးပြုပြီး ပုဒ်မများဖြစ်သည့် ၂၃ (ခ)၊ ၂၄ (ခ)၊ ၂၆ (က) နှင့် ၅၈ (ဂ) တို့ကိုပါ အသုံးပြု၍ ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ စစ်တပ်အသုံးပြုခဲ့သော ဉပဒေများ ၏အကျဉ်းချုံးမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပုဒ်မ ၂၃ (က)။ ရွေးကောက်ပွဲကိုပျက်စီးစေရန် လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း သို့မဟုတ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်သည့်စာများနှင့် အွန်လိုင်းအကြောင်းအရာများကို ဖြန့်ဝေ ခြင်းကို တားမြစ်ထားပြီး၊ ထိုသို့ပြုလုပ်ပါက အနည်းဆုံးသုံးနှစ်မှ အများဆုံး ခုနစ်နှစ် အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်ကြောင်း သတ်မှတ်သည်။ ပုဒ်မ ၂၃ (ခ)။ ပုဒ်မ ၂၃ (က) ပါ လုပ်ရပ်များကို လူစုလူဝေးဖြင့် ကျူးလွန်ပါက ပြစ်ဒဏ်ကို ပိုမိုပြင်းထန် စေပြီး၊ အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင် ကြောင်း သတ်မှတ်သည်။ ပုဒ်မ ၂၄ (က)။ မဲဆန္ဒရှင်တဦးအား မဲပေးခြင်းမပြုနိုင်စေရန် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း သို့မဟုတ် မလျော်သြဇာသုံးခြင်းတို့ကို တားမြစ်ထား ပြီး၊ ထိုသို့ ပြုလုပ်ပါကအနည်းဆုံးသုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်ကြောင်း သတ်မှတ်သည်။ ၈

Select target paragraph3