၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
၂။
ဉပဒေ အခန်းကဏ္ဍ-ရွေးကောက်ပွဲကာကွယ်ရေး ဉပဒေ သုံးသပ်ချက်
အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်
ပွဲကို ဝေဖန်ကန့်ကွက်မှုများအပေါ် ဖမ်းဆီးအရေးယူမှုများစွာ ပြုလုပ်ခဲ့သည်။ ထိုသို့ အရေးယူရာတွင်
၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့သည့် ‘ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်
ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဉပဒေ” ကို အဓိကလက်နက်သဖွယ် အသုံးပြုခဲ့သည်
ကို တွေ့ရှိရသည်။ 13 စစ်တပ်က ၎င်းဉပဒေ၏ရည်ရွယ်ချက်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေး
ကောက်ပွဲ၏ လုပ်ငန်းဆောင်တာများအား အနှော���့်အယှက်များမှ ကာကွယ်ရန်ဖြစ်သည်ဟုဆိုသည်။
လက်တွေ့တွင်မူ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများကို ပစ်မှတ်ထားနှိမ်နင်းရန် ဉပဒေ
ပြဌာန်းထားခြင်းဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေရန်နှင့် ခိုင်မာစေရန် ရည်ရွယ်ထားခြင်းသာ
ဖြစ်သည်ကို တွေ့ရသည်။ ရွေးကောက်ပွဲ ကာကွယ်ရေးဉပဒေသည် စစ်တပ်၏ ရွေးကောက်ပွဲ လုပ်ငန်း
စဉ်ကို အနှောင့်အယှက်ဖြစ်စေသည်ဟု အဓိပ္ပါယ်ဖွင့်နိုင်သည့် ဝေဖန်မှု၊ ပြောဆိုမှုများနှင့် ဟောပြော
စည်းရုံးမှု သို့မဟုတ် ဆန္ဒပြမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ပြီး အဆိုပါ ချုးဖောက်
ိ
မှုများအတွက်
ထောင်ဒဏ် (၂၀) နှစ်အထိ သို့မဟုတ် သေဒဏ်အထိ ပြစ်ဒဏ်များ ချမှတ်နိုင်သည်။
ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေသစ်မှာ ရွေးကောက်ပွဲကို နှောင့်ယှက်
ခြင်း၊ ဖျက်ဆီးခြင်းဟူ၍ ရှင်းလင်းမှုမရှိသည့် သတ်မှတ်ချက်အောက်တွင်
လူထု၏ ငြိမ်းချမ်းစွာဝေဖန်ခြင်းမှစ၍ သတင်းပို့ခြင်း၊ ထင်မြင်ယူဆချက်
များ ဖလှယ်ခြင်းနှင့် ဆန္ဒထုတ်ဖော်ခြင်း လုပ်ရပ်များအားလုံးကို ရာဇ
ဝတ်မှုအဖြစ် သတ်မှတ်ထားကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို
အပြင်းအထန် ကန့်သတ်ထားသည်။
ဤရွေးကောက်ပွဲ ကာကွယ်ရေး ဉပဒေသစ်မှာ ရွေးကောက်ပွဲကို နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း
ဟူ၍ ရှင်းလင်းမှုမရှိသည့် သတ်မှတ်ချက်အောက်တွင် လူထု၏ ငြိမ်းချမ်းစွာ ဝေဖန်ခြင်းမှစ၍ သတင်းပို့
13 စထွန်းအောင်. (2025, July 30). သေဒဏ်အထိ ချနိုင်သည့် ရွေးကောက်ပွဲကာကွယ်ရေးဉပဒေ စစ်ကောင်စီ ထုတ်ပြန်. Myanmar Now.
၇