တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များတွင်လည်း အပိုင်း(၁) တွင် မြို့နယ်ကို အခြေခံထားသည့် FPTP စနစ်အရ ရွေးချယ်ထားသည့် ရွေးကောက်ခံကိုယ်စားလှယ်များသာ လွှတ်တော်တက်ရောက်နိုင်မည်ဖြစ်သည်။ စစ် အုပ်စုမှ စေလွှတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းမှာ အလိုလျှောက် ကိုယ်စားလှယ်များဖြစ်လာ မည် ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကိုလည်း စစ်အုပ်စုကိုယ်စားပြု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ ကျင်းပသည့် လွှတ်တော်များ ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ ၏ လွှတ်တော်ဥက္ကဋ္ဌများသည်လည်း စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာ နိုင်သည်။ အီလက်ထရောနစ်မဲပေးစက်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကြည့်ရှူနေစဉ် (Photo - Pro SAC) ၁၄

Select target paragraph3