ထို့ကြောင့် ရွေးကောက်ပွဲ အပိုင်း(၁) အပြီး လွှတ်တော်ခေါ်ယူမည်ဆိုပါက ရွေးကောက်ခံကိုယ်စားလှယ်များ မပါဘဲနှ
င့်ပင် စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသီးသန့်ဖြင့်ပင် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်များကို ခေါ်ယူနိုင်သည့်အခြေအနေရှိနေသည်။
ပြည်ထောင်စုလွှတ်တော်တွင်လည်း ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် ၁၁၅
ဦး ရှိမည်ဖြစ်ပြီး စစ်အုပ်စုကိုယ်စားပြု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးရှိမည်ဖြစ်သည်။
ရာခိုင်နှုန်းဖြင့် အချိုးချကြည့်ပါက ရွေးကောက်ခံ ၄၀ဒသမ၉၂ ရာခိုင်နှုန်းနှင့် စစ်အုပ်စုကိုယ်စားပြု တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်းကျော် ရှိမည်ဖြစ်သည်။
စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း (၁) သာကျင်းပပြီး လွှတ်တော်ခေါ်ယူမည်ဆိုပါက
ပြည်ထောင်စုလွှတ်တော်တွင် မြင်တွေ့ရမည့် အခြေအနေ
ရွေးကောက်ခံ ၁၁၅ ဦး
စစ်တပ်ကိုယ်စားလှယ် ၁၆၆ ဦး
၁၃