၁ အင်တာနက်သုံးစွဲသူတိုင်း၏ ကိုယ်ရေးအချက်အလက်ကို စုဆောင်းခြင်းသည် ခြိမ်းခြောက်မှု နှင့် တိုက်ရိုက်ဆက်စပ်သော သုံးစွဲသူများကိုသာ ဦးတည်ခြင်းမဟုတ်ဘဲ လူထုတရပ်လုံးကို စောင့်ကြည့်သည့် ယေဘုယျအစီအမံ ဖြစ်သည်။ ၂ ကျပ် (၂၀) သိန်းအထိဒဏ်ငွေနှင့် စက်ပစ္စည်း သိမ်းဆည်းခြင်းသည် အနည်းဆုံးထိခိုက်စေသော နည်းလမ်း ဟုတ်၊ မဟုတ် မေးခွန်းထုတ်ရန် လိုအပ်သည်။ ၃ Starlink သည် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ကဲ့သို့သော အသက်ကယ် သတင်း အချက်အလက်ကိုရယူရာ လမ်းကြောင်းလည်း ဖြစ်နေသောကြောင့် ကန့်သတ်ချက်က ကာ ကွယ်လိုသည့် လုံခြုံရေးကိုပင် ပြန်လည် ထိခိုက်စေနိုင်သည်။ ထို့ပြင် အာဏာပိုင်များက ကန့်သတ်ချက်သည် စစ်ရေးအန္တရာယ်ကို မည်သို့ တိကျစွာ လျှော့ချပေးနိုင်သည်ကို ပြည်သူထံ ရှင်းလင်းပြသခြင်း မရှိပါ (GC34 စာပိုဒ် ၃၅)။ ဖြစ်စဉ် (၄) သတင်းသမား ဖမ်းဆီးမှု (၃.၅)။ ဦးတိုးကြီးကို ဖမ်းဆီးရာတွင် မည်သည့်ဥပဒေကို အခြေခံသည်ကို ထုတ်ပြန်ခြင်းမရှိဘဲ ထိန်းသိမ်းထားသည့် နေရာနှင့် အခြေအနေကိုလည်း မိသားစုထံ အသိမပေးပါ။ ယင်းသည် ဥပဒေ ဖြင့် ပြဋ္ဌာန်းထားရမည်ဟူသော ပထမ စံနှုန်းကိုပင် မပြည့်မီပါ။ “စစ်ရေးသတင်း ပေါက်ကြားမှု” ဟူသော အကြောင်းပြ ချက်သည် အမျုးသားလု ိ ံခြုံရေးအောက်တွင် တရားဝင်နိုင်သော်လည်း အရပ်သားသေဆုံးမှုနှင့် လေကြောင်း ဗုံးကြဲမှု သတင်းများသည် အများပြည်သူ သိရှိပိုင်ခွင့်ရှိသော သတင်းများ ဖြစ်သည်။ ယင်းသတင်းများကို ဖော်ပြသည့်အတွက် သတင်းသမားကို ဖမ်းဆီးခြင်းသည် GC34 စာ���ိုဒ် (၃၀) နှင့် မကိုက်ညီပါ။ KIA ၏ ထိန်းသိမ်းမှုအောက်တွင် သတင်း သမားတဦးကို မျက်စိစည်း၍ ရိုက်နှက်ခြင်း၊ ကျောက်ခဲပေါ်တွင် ဒူးထောက်ခိုင်းခြင်းနှင့် မြေအောက်ခန်းတွင် ချုပ်နှောင် ခြင်းတို့သည် စံနှုန်းသုံးရပ်ဖြင့် ချန်ိ ဆရန်ပင်မလိုဘဲ ICCPR အပိုဒ် (၇) နှင့် ဂျနီဗာ ဘုံအပိုဒ် (၃) ကို ချုးဖောက် ိ သည်။ မူဝါဒအဆင့် ကန့်သတ်ချက်များ (၄.၁)။ KNU ထိန်းချုပ်နယ်မြေများတွင် သတင်းရယူရန် ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟူသော မူဝါဒသည် ဥပဒေ သို့မဟုတ် မူဝါဒဖြင့် ထုတ်ပြန်ထားသော်လည်း သတင်းသမားများအပေါ် ယေဘုယျ ခွင့်ပြုချက်စနစ် ဖြစ်နေသောကြောင့် GC34 စာပိုဒ် (၄၄) နှင့် မကိုက်ညီနိုင်ပါ။ စစ်ရေးလုံခြုံရေးအတွက် ကန့်သတ်ရန် လိုအပ်ပါက ထုတ်ပြန်၍ မရသော သတင်းအမျုးအစားကိ ိ ု တိကျ ကျဉ်းမြောင်းစွာ သတ်မှတ်ခြင်းက ပိုမို သင့်လျော်သော နည်းလမ်း ဖြစ်သည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 40

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents