အင်တာနက်နှင့် ကိုယ်ရေးအချက်အလက်။ ဝက်ဘ်ဆိုက်များ၊ ဆက်သွယ်ရေး ကွန်ရက်များအပေါ် ကန့်သတ် ချက်များသည် အကြောင်းအရာ တခုချင်းအလိုက် သတ်မှတ်ထားရမည်ဖြစ်ပြီး ယေဘုယျ ပိတ်ပင်ချက်များသည် အပိုဒ် ၁၉(၃) နှင့်မကိုက်ညီပါ (GC34 စာပိုဒ် ၄၃)။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၃၂/၁၃ (၂၀၁၆) သည် အွန်လိုင်း သတင်းအချက်အလက် ရယူခွင့်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို ပြင်းထန်စွာ ရှုတ်ချထားသည်။ ထို့ပြင် သုံးစွဲသူများ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကို စုဆောင်းခြင်းသည် ကိုယ် ရေးကိုယ်တာ လုံခြုံခွင့် (ICCPR အပိုဒ် ၁၇) ကို ထိခိုက်သောကြောင့် ဥပဒေနှင့်အညီ၊ လိုအပ်ချက်နှင့် အချုးည�� ိ စွာသာ ပြုလုပ်ရမည် ဖြစ်သည်။ ၄.၄.၃။ ဖြစ်စဉ်များအပေါ် အသုံးချဆန်းစစ်ခြင်း ဖြစ်စဉ် (၁) ချဖွေ၊ ီ ဖရဲရွာ (၃.၂)။ ဒေသခံများသည် သောက်သုံးရေအရင်းအမြစ်ကို ကာကွယ်ရန် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းကို ပေါက်ကွဲစေတတ်သော လက်နက်ဖြင့် လူစုခွဲခြင်းနှင့် တောင်းဆိုသူ (၄၄) ဦးကို ဖမ်း ဆီးခြင်းအတွက် ထုတ်ပြန်ထားသောဥပဒေ သို့မဟုတ် စည်းမျဉ်းကို မတွေ့ရပါ။ ရည်ရွယ်ချက်မှာ ရန်ပုံငွေ သို့မဟုတ် စီးပွားရေးအကျုးစီ ိ းပွားကို ကာကွယ်ရန်ဖြစ်နိုင်ပြီး ယင်းသည် အပိုဒ် ၁၉(၃) ပါ တရားဝင် ရည်ရွယ်ချက်များထဲတွင် မပါဝင်ပါ။ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို လက်နက်ဖြင့် ဖြိုခွဲခြင်းသည် အချုးညီ ိ မျှမှုစံနှုန်းကို ကျော်လွန်သည်။ ဖြစ်စဉ် (၂) ယင်းမာပင် (၃.၃)။ ထုတ်ဖော်ပြောဆိုသူကို ဆိုရှယ်မီဒီယာမှ ခြိမ်းခြောက်ခြင်းနှင့် မိသားစုကို စောင့် ကြည့်ခြင်းသည် ဥပဒေ အခြေခံ လုံးဝမရှိသော ယန္တရားပြင်ပလုပ်ရပ် ဖြစ်သည်။ GC34 စာပိုဒ် (၂၃) အရ ထုတ်ဖော်ပြော ဆိုမှုကြောင့် ခြိမ်းခြောက်ခြင်းသည် မည်သည့်အခြေအနေတွင်မဆို အပိုဒ် (၁၉) ကို ချုးဖောက် ိ သည်။ ထို့ပြင် စွပ်စွဲခံရ သူကို ထိန်းသိမ်းထားစဉ်ပင် ခြိမ်းခြောက်နိုင်ခွင့် ပေးထားခြင်းသည် တိုက်ခိုက်မှုများကို ထိရောက်စွာ စုံစမ်းအရေးယူ ရမည့်တာဝန်ကို ပျက်ကွက်ခြင်း ဖြစ်သည်။ ထိန်းသိမ်းထားစဉ် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟူသော စွပ်စွဲချက်သည် ICCPR အပိုဒ် (၇) နှင့် ဂျနီဗာ ဘုံအပိုဒ် (၃) အရ အကြွင်းမဲ့ တားမြစ်ထားသော လုပ်ရပ်ဖြစ်သောကြောင့် လွတ်လပ်စွာ စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။ ဖြစ်စဉ် (၃) စဉ့်ကူး Starlink (၃.၄)။ ဤဖြစ်စဉ်တွင် ကော်မတီ၏ စည်းမျဉ်းရှိသော်လည်း ယင်းစည်းမျဉ်းကို မည်သည့်အဆင့်တွင်ပြဋ္ဌာန်းပြီး မည်သို့ ထုတ်ပြန်ခဲ့သည်ကို ရှင်းလင်းမှုမရှိပါ။ လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ် ရန်ဟူသော ရည်ရွယ်ခ��က်သည် အမျုးသားလု ိ ံခြုံရေး သို့မဟုတ် အများပြည်သူ အေးချမ်းရေးအောက်တွင် တရားဝင် နိုင်သည်။ သို့သော် အချုးညီ ိ မျှမှုအပိုင်းတွင် မေးခွန်း (၃) ခု ပေါ်ပေါက်သည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 39

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents