“တချု့မြိ ိ ု့နယ်တွေမှာတော့ ရပ်ကျေးအဆင့်ကို လူထုက ရွေးချယ်တာတွေရှိတယ်။ သို့သော် များသော အားဖြင့်က မြို့နယ်အဆင့်အုပ်ချုပ်ရေးတို့ ခရိုင်အဆင့်အုပ်ချုပ်ရေးတို့ တိုင်းအဆင့်အုပ်ချုပ်ရေးတို့ ကျ ပြည်သူလူထုက elected မဟုတ်ဘူး။ မဲပေးပြီးရွေးတာ မဟုတ်ဘူး။ selected ဗျ။ အထက်ကနေ NUG က တိုက်ရိုက်ခန့်အပ်တာပေါ့။ အရင် ဒီမိုကရေစီခေတ်တုန်းကဆိုရင် သက်တမ်းရှိတယ်လေ အုပ်ချုပ်ရေးဆိုလည်း အုပ်ချုပ်ရေးသက်တမ်းရှိတယ်။ အဲ့သက်တမ်းပြီးလိုရှိရင် ပြည်သူက ပြန်ရွေး ချယ်ဆိုတာမျုးိ အခုကျတော့ ကျွန်တော်တို့က တချု့ရပ် ိ ကျေးကလွဲရင် လူထုကရွေးချယ်တဲ့သူ မဟုတ် တဲ့အခါကြတော့ ကိုယ်ကိုမေ့နေတာပေါ့နော်။ ငါတို့သည် လူထုအတွက် အလုပ်အကျွေးပြုရမယ်ဆို တာကို မေ့နေပြီးတော့ အာဏာရှင်ဆန်တဲ့ဟာတွေ ရှိလာတာ။ ပြီးတော့ အုပ်ချုပ်ရေးမှာဆိုရင်လည်း ဒီမဲပေးစနစ်တွေ မရှိတဲ့အခါကြတော့ ဒါတွေက ပိုဆိုးစေတယ်လို မြင်တယ်၊ သူတို့အာဏာက အကန့် အသတ် မရှိနေတာပေါ့။ ၅ နှစ်ပြီးရင်ပြီးမယ်ဆိုတဲ့ဟာမျုးိ မရှိတော့ကျ အကန့်အသတ်မရှိတဲ့အခါ ကြတော့ အာဏာက ဆက်လက်ပြီးတော့ သူတို့လက်ထဲ့မှာပဲ နှစ်ပေါင်းများစွာ ရှိနေတဲ့အခါကြတော့ ဒါသည် ငါ့ရှိရမဲ့နေရာ ငါ့ထိုင်ခုံသည် ငါ့အမြဲထိုင်ရမဲ့နေရာလို ယူဆလာတာပေါ့။” 49 ပြစ်မှုတခု (သို့မဟုတ်) ပဋိပက္ခဖြစ်စဉ်တခု၌ ကျူးလွန်သူသည် ဒေသတွင်းမှ အာဏာပိုင်အဖွဲ့ဝင်၊ တပ်ရင်း တပ်ဖွဲ့ဝင် (သို့မဟုတ်) ဖော်ပြပါ အဖွဲ့ဝင်များနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူတဦး ဖြစ်ပြီး ကျူးလွန်ခံရသူသည် ဒေသခံ ပြည်သူဖြစ်နေပါက တာဝန်ရှိသူများမှ ၎င်းအမှုအား ကိုင်တွယ်ဖြေရှင်းရာ၌ ဘက်လိုက်ခြင်း၊ တရားမျှတမှု မရှိ ခြင်းများလည်း ရှိနေကြောင်း တွေ့ရှိရသည်။ ကျူးလွန်သူသည် အာဏာပိုင်ယန္တရားမှဖြစ်ပါက အမှုမဖွင့်ရန်နှင့် ငွေသားဖြင့်ကြေလည်ရန် ဖိအားပေးသည့် ဖြစ်ရပ်များရှိကြောင်း ၎င်းကဆိုပြီး “ကျူးလွန်ခံရသူ အရပ်သားဖြစ်နေခဲ့မယ်ဆိုရင် တချု့ဟာတွေမှ ိ ာကြတော့ ဘယ် လောက်ထိဆိုးလဲဆို အမှုမဖွင့်ပါနဲ့ ငွေသားဘယ်လောက်နဲ့ပဲ ကြေလည်လိုက်ရအောင်ပေါ့။ ဒါကြီးက အမှုကျယ်သွား ရင် ပြည်သူလူထုက တော်လှန်ရေးအပေါ်မှာ စိတ်ပျက်သွားမယ်။ ဒီလိုမျုးဖြစ် ိ နေတာတွေကြားလိုရှိရင် လူထုက တော် လှန်ရေးအပေါ်မှာ စိတ်ပျက်သွားပြီးတော့ ထပ်ပြီး မပါဝင်မှာစိုးတယ်။ ဒါသည် စစ်တပ်က ဝမ်းသာစရာဖြစ်တယ်ပေါ့။ ဒီသတင်းတွေကို လိုင်းပေါ် မတင်ပဲနေရအောင်ပေါ့”50 ဟု ဆိုသည်။ ထို့အပြင် တိုင်ကြားသူများ ခြိမ်းခြောက်ခံရခြင်း များလည်းရှိနေပြီး ကျူးလွန်သူသည် ရဲဘော်ဖြစ်ပါက အမှုကိုအရေးမယူဘဲ လျှော့ပေါ့ထားသည်ဟု နယ်မြေခံ တက်ကြွ လှုပ်ရှားသူကလည်း ထပ်လောင်းပြောကြားသည်။51 49 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ မန္တလေးကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် 50 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ မန္တလေးကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် 51 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ နယ်မြေခံတက်ကြွ လှုပ်ရှားသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက် တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 35

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents