“ဒီမှာတခုကတော့ ဘာလဲဆိုတော့ တိုင်လိုက်တာနဲ့ ပြီးသွားတာပါပဲကွာ ဘာမှမထူးပါဘူးဆိုတဲ့ အနေ
ထားမျုးိ ဖြစ်စဉ်မျုးကအစ
ိ
ပြည်သူကယုံနေတဲ့ တကယ်လည်းခံစားနေရတာကို အဲ့လိုမျုးရှ
ိ ိတယ်။
ဒါပေမဲ့ ဒီတိုင်စာ ရောက်လိုက်တာနဲ့မှန်သမျှသည် လက်ရှိအခြေအနေမှတောင်မှ အရေးယူနိုင်မှု မရှိ
သေးဘူးဆိုရင်တောင်မှ ဒီတိုင်ကြားမှုတွေသည် တရားမမျှတမူတွေသည် လူအခွင့်ရေးချုးဖောက်
ိ
မှု
တွေသည် ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ ဒီဟာတွေသည် စနစ်တကျနဲ့ မှတ်တမ်းတင်ထားတဲ့
အနေအထားမျုးရှ
ိ ိတယ် ဒါတွေကို လက်ခံဖြေရှင်းနိုင်တဲ့ အချန်�� တခု ရောက်တယ်ဆိုရင်တော့ ဒီဟာ
တွေသည် သူဟာနဲ့သူ တရားမျှတမှုရအောင် ဆောင်ရွက်သွားမဲ့ အနေအထားရှိတယ်ပေါ့။”47
သုတေသနအင်တာဗျူးများတွင် ပါဝင်ဖြေဆိုကြသည့် ဒေသခံသတင်းထောက်၏ ပြောဆိုချက်ဖြစ်သည့် တိုင်
ကြားရန် သီးသန့်ယန္တရားမရှိခြင်း၊ မန္တလေး ကြားကာလအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူတဦး၏ ပြောဆိုချက်ဖြစ်
သည့် NUG ဘက်တွင် ယန္တရားများရှိသော်လည်း အောက်ခြေ အသိပညာပေးအားနည်းခြင်းနှင့် NUG လူ့အခွင့်အရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူတို့၏ ပြောကြားချက်များကို ဆက်စပ်ကြည့်လျှင် တိုင်ကြားမှုယန္တရားသည် အဆောက်အအုံ
အရ (Institutional Level) တည်ရှိသော်လည်း ဒေသခံပြည်သူလူထုအထိ (Grassroots Level) လက်လှမ်းမီရန်
အားနည်းနေကြောင်း တွေ့ရှိရသည်။ မန္တလေးကြားကာလ အုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူက “တကယ်အောက်
ခြေ ပြည်သူလူထုကြားမှာ ဒါတွေရှိတယ်ဆိုတာကို ကောင်းကောင်း advocacy/ awareness ပေးတာက ကျွန်တော်
တို့အားနည်းတယ်” ဟုဆိုပြီး “ကိုင်တွယ်ဖြေရှင်းပေးနိုင်မှုက အမှုပေါင်း (၁၀၀) မှာ ဆိုလို့ရှိရင် (၂၅-၃၀) လောက်ပဲလို့
ကျွန်တော်က မြင်တယ်” ဟု အကဲဖြတ်သည်။
ဤအချက်သည် စိုးမိုးနယ်မြေများ၌ ထုတ်ပြန်ထားသည့် မူဝါဒများ၊ ဥပဒေပြဋ္ဌာန်းချက်များနှင့် မြေပြင်လက်
တွေ့ကျင့်သုံးမှုကြားမှ ကွာဟချက်၏ ထင်ရှားသော သာဓကတခု ဖြစ်သည်။ ရပ်ကျေးတချု့မှ
ိ လွဲ၍ NUG ၏ စိုးမိုး
နယ်မြေများ၌ အုပ်ချုပ်ရေးနှင့် ဆက်စပ်သည့် ကဏ္ဍများကို တာဝန်ယူထားသူ အများစုမှာ ဒေသခံ ပြည်သူလူထုမှ
ရွေးချယ် တင်မြှောက်ထားသူများ မဟုတ်ဘဲ အမျုးသားညီ
ိ
ညွတ်ရေးအစိုးရ (NUG) မှ တိုက်ရိုက်ခန့်အပ်ထားသူများ
ဖြစ်ကြသည်။48 ဤအချက်သည် တော်လှန်ရေးကာလ ကြာရှည်လာသည်နှင့်အမျှ ဒေသခံပြည်သူလူထုနှင့် အုပ်ချုပ်
သူများအကြား ပွတ်တိုက်မှုများဖြစ်စေကာ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း မန္တလေးကြားကာလ အုပ်
ချုပ်ရေးကောင��စီ အဖွဲ့ဝင်တဦးမှ သူမ၏ ထင်မြင်ယူဆချက်ကို ယခုကဲ့သို့ သုံးသပ်ဆွေးနွေးထားသည်။
47 အင်တာဗျူးတွင် ပါဝင်ဖြေဆိုသူ၊ NUG ၏ ယခင်လူ့အခွင့်အရေးဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်
48 https://ggr.hias.hit-u.ac.jp/en/2026/06/12/the-state-of-local-governance-in-nug-controlled-sagaing/
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
34
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents