သက်ဆိုင်သည်။ ချုးဖောက် ိ မှုများသည် နယ်ပယ်တခုတည်းတွင်သာ ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ ကဏ္ဍအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်းပြသရန် ဤဖြစ်စဉ်များကို ရွေးချယ်ခြင်း ဖြစ်သည်။ ၂.၄။ ကျင့်ဝတ်ဆိုင်ရာ စောင့်ထိန်းမှုများ ပဋိပက္ခဖြစ်ပွားနေဆဲ ဒေသများဖြစ်သောကြောင့် “Do No Harm” မူကို တင်းကျပ်စွာ လိုက်နာခဲ့သည်။ ပါဝင်သူ အားလုံးထံမှ အင်တာဗျူးမစမီ လွတ်လပ်စွာ သဘောတူညီချက် (Informed Consent) ရယူခဲ့သည်။ ၎င်းတို့၏ လုံခြုံ ရေးအတွက် အမည်လွှဲများကို အသုံးပြုထားသည်။ ပါဝင်သူများသည် မည်သည့်အချန်ိ တွင်မဆို သဘောတူညီချက်ကို ပြန်လည် ရုပ်သိမ်းနိုင်သည်။ ၂.၅။ ကန့်သတ်ချက်များ ဤသုတေသနတွင် ကန့်သတ်ချက် (၃) ခု ရှိသည်။ နမူနာရွေးချယ်ပုံ။ ကျပန်းနည်းဖြင့် ရွေးချယ်ခြင်း မဟုတ်သောကြောင့် တွေ့ရှိချက်များကို တော်လှန်ရေးနယ်မြေ အားလုံးအတွက် ယေဘုယျ ကောက်ချက်ချ၍ မရပါ။ အွန်လိုင်းအင်တာဗျူးသာ ပြုလုပ်နိုင်ခြင်း။ လုံခြုံရေးကြောင့် အင်တာဗျူးများကို အွန်လိုင်းမှ သာ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် အင်တာနက်ချတ် ိ ဆက်ရခက်သော ဒေသများမှအသံများ လိုအပ်နေနိုင်သည် (Sample Bias)။ ဒေသသို့ရောက်ရှိနိုင်မှု။ ဆက်သွယ်ရေး ပြတ်တောက်မှုများ၊ စစ်ရေးအခြေအနေနှင့် ဒေသ အာဏာပိုင်များ၏ ကန့်သတ်ချက်များကြောင့် ချတ် ိ ဆက်ရာတွင် အခက်အခဲ ရှိခဲ့သည်။ တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု 11

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents