သတင်းမီဒီယာသမားများသည် သ���င်းလွတ်လပ်ခွင့်နှင့် သတင်းရယူရာတွင် ကြုံတွေ့ရသော
အဟန့်အတားများကို တိုက်ရိုက် ခံစားနေရသူများ ဖြစ်သည်။
တက်ကြွလှုပ်ရှားသူများသည် အုပ်ချုပ်ရေးယန္တရားများ၏ ဖိနှိပ်မှုပုံစံများနှင့် ဘေးကင်းလုံခြုံ
မှု အခြေအနေကို သိရှိနားလည်သူများ ဖြစ်သည်။
လူထုခေါင်းဆောင်များသည် အုပ်ချုပ်ရေးအပေါ် ဒေသခံလူထု၏ အတွေ့အကြုံနှင့်ခံစားချက်
ကို ကိုယ်စားပြုနိုင်သူများ ဖြစ်သည်။
၂.၂။ သုတေသန မူဘောင်နှင့် ခွဲခြမ်းစိတ်ဖြာပုံ
ဤသုတေသနသည် တာဝန်ယူမှု (Responsibility)၊ တာဝန်ခံမှု (Accountability) နှင့် ပွင့်လင်းမြင်သာမှု
(Transparency) ကို အဓိက မူဘောင်အဖြစ် အသုံးပြုထားသည်။ တာဝန်ယူမှုဆိုသည်မှာ မိမိ၏ ဆုံးဖြတ်ချက်နှင့်
လုပ်ဆောင်ချက်များအတွက် တာဝန်ရှိကြောင်း အသိအမှတ်ပြုခြင်း ဖြစ်သည်။ တာဝန်ခံမှုဆိုသည်မှာ ထိုလုပ်ဆောင်
ချက်များ၏အကျုးဆက်
ိ
ကို လက်တွေ့တာဝန်ယူ ဖြေရှင်းခြင်း ဖြစ်သည်။ တော်လှန်ရေးအာဏာပိုင်များက စကားလုံး
အဆင့်တွင် တာဝန်ယူမှုကို ပြသနိုင်သော်လည်း လက်တွေ့တာဝန်ခံမှုအဖြစ် မကူးပြောင်းနိုင်ခြင်းသည် ဤသုတေ
သန၏ အဓိကတွေ့ရှိချက် ဖြစ်သည်။
အင်တာဗျူး အချက်အလက်များကို ကုဒ်ပေးခြင်း (Coding) ဖြင့် အောက်ပါ ကဏ္ဍ (၅) ရပ်အလိုက် ခွဲခြမ်းစိတ်
ဖြာထားသည်။ (၁) ဖိနှိပ်မှုပုံစံများ၊ (၂) အကြောင်းပြချက်များ၊ (၃) အုပ်ချုပ်ရေးနှင့်တာဝန်ခံမှု၊ (၄) သယံဇာတ စီမံခန့်ခွဲ
မှု၊ (၅) ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်တို့ ဖြစ်သည်။
တွေ့ရှိချက်များခိုင်မာစေရန် Data Triangulation နည်းကို အသုံးပြုခဲ့သည်။ အုပ်စု (၃) စုစလုံးမှ ကိုက်ညီသော
အချက်အလက်များကိုသာ အတည်ပြုတွေ့ရှိချက် (Corroborated Finding) အဖြစ် သတ်မှတ်ထားသည်။
၂.၃။ ဖြစ်စဉ်လေ့လာချက်များ ရွေးချယ်ပုံ
ဖြစ်စဉ် (၄) ခုကို ရွေးချယ်လေ့လာခဲ့သည်။ ယင်းတို့မှာ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ တရားမျှတမှု၊ မြေပြင်
အုပ်ချုပ်ရေးနှင့် ကျား-မ အခြေပြု ���ကြမ်းဖက်မှု၊ ဒစ်ဂျစ်တယ်ကန့်သတ်ချက်များ၊ သတင်းမီဒီယာ ဖိနှိပ်မှုတို့နှင့်
တော်လှန်ရေးနယ်မြေများရှိ အုပ်ချုပ်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တာဝန်ခံမှု
10
Select target paragraph3
Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents