Burma Affairs & Conflict Study Contact: info@burmaacs.org စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း ထို့ကြောင့် စစ်ကောင်စီ ထိန်းချုပ်နယ်မြေများရှိ လူ ငယ်များ စစ်မှုထမ်းလူ သစ်စု ဆောင်းခြင်းက ရှောင်ရှား နို င်ရန် တော်လှ န်ရေး အင်အားစု များ အားကောင်းရာဒေသများတွင် လက်ခံ ကူ ညီနို င်ရေး ဆောင်ရွက်ထား နို င်သည်။ ပြီးခဲ့ သည့် ပထမအသု တ် ခေါ်ယူ စဉ် အသက် ၂၄ နှ စ်နှ င့် ၃၀ ကြား အသက်အရွယ်များကို အဓိက ပစ်မှ တ်ထားခဲ့ သည်ကို တွေ့ရသည်။ မည်သည့်အတွက်ကြောင့် ထို အသက်အရွယ်အပို င်းအခြားကို ပစ်မှ တ်ထားသည်ကို မသိရသော်လည်းလည်း ယင်းအသက်အရွယ်သည် တက္ကသို လ်ပြီးဆုံးချိန်နှ င့် လု ပ်ငန်းခွင် အခြေမကျသေးသည့် အသက်အရွယ်အပို င်းအခြား ဖြစ်သည့်အလျောက် တော်လှ န်ရေးတွင် အမည်မဖော်ထု တ်ဘဲ ယုံ ကြည်စွာ ပါဝင်နေသည့် လူ ငယ်များကို ဖယ်ထု တ်ပစ်ရန် ဦးတည်ထားသည်ဟု ယူ ဆသည်။ ပစ်မှ တ်ထားခံ ရသည့် အု ပ်စု များတွင် ဆင်းရဲနွမ်းပါးသည့် အောက်ခြေလူ တန်းစားများနှ င့် လက်ရှိ တို င်းပြည်အခြေအနေကို စိတ်မဝင်စား နားမလည်သူ များ အဓိက ပစ်မှ တ်ထားခံ ရနို င်သည်။ ပထမအသု တ် ရွေးချယ်ခေါ်ယူ ရာတွင် ထို သူ များကို ငွေကြေးဖြင့် စည်းရုံးခေါ်ယူ မှုများ ရှိခဲ့ သည်ကို တွေ့ ရသည်။ နို င်ငံ စီးပွားပျက်ကာ အလု ပ်အကို င်ရှားပါးနေချိန် ဖြစ်သည့်အတွက် လက်ရှိနို င်ငံ ရေး စစ်ရေး အခြေအနေကို စိတ်မဝင်စားနားမလည်သည့် အလု ပ်လက်မဲ့ နှ င့် ဝင်ငွေနည်း ပြည်သူ များအတွက် စစ် ကောင်စီ၏ ဆွဲဆောင်စည်းရုံးမှုများသည် မက်လောက်စရာ ဖြစ်နေပေလိမ့်မည်။ ထို့အပြင် တခြားသော ရွေးချယ်စရာ အခွင့်အလမ်းများ မရှိသည့်အတွက်လည်း ရု န်းထွက်မရသည့် အခြေအနေတွင် ရှိနေသူ များ လည်း ရှိသည်။ ထို သူ များ ရု န်းထွက်ရန်အတွက် ထိရောက်မည့် စည်းရုံးရေး နည်းဗျူဟာနည်းလမ်းလို အပ် ပြီး အကူ ညီပေးမှု များစွာလည်း လို အပ်ပေမည်။ CDM ကျောင်းသားများနှ င့် CDM ဝန်ထမ်းများသည် လည်း ပစ်မှ တ်ထားခံ ရနို င်သည့်အတွက် စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ဆောင်ရေးတွင် အကျုံးဝင်နေသည့် CDM ကျောင်းသားများနှ င့် ဝန်ထမ်းများကို တော်လှ န်ရေးတပ်များ၏ ထိန်းချုပ်ဒေသများ လွတ်မြောက် နယ်မြေများသို့ ခေါ်ဆောင်ပေးနို င်ရန် လို အပ်မည်ဖြစ်သည်။ စစ်ကောင်စီသည် လူ သစ်စု ဆောင်းမှုများပြုလု ပ်ရာတွင် စစ်မှုထမ်းလု ပ်ငန်းစဉ်သာမကာ၊ ပြည်သူ့စစ်(ပျူ စောထီး) စု ဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း စသည်ဖြင့် နည်းလမ်းပေါင်းစုံ ဖြင့် လု ပ်ဆောင်နေသည်ကို သတိပြုရန် လို အပ်သည်။ ၂၀၂၂ ခု နှ စ် နှ စ်လယ်က စတင်ကာ ပြည်သူ့စစ် (ပျူစောထီး) များကို နို င်ငံ တ ဝန်းဖွဲ့စည်းနို င်ရန် လု ပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၃ ခု နှ စ် နှ စ်ကု န်ပို င်းတွင် ပို မို တွန်းအားပေးကာ ရပ်ကျေး အု ပ်ချုပ်ရေးမှူးများကို ဖိအားပေးလု ပ်ဆောင်ခို င်းနေကြောင်း တွေ့ရသည်။ ပြည်သူစစ်အဖြစ် စုဆောင်းခံထားရသည့် သက်ကြီးရွယ်အိုများကိုတွေ့ရစဉ် (ဓာတ်ပုံ - စစ်ကောင်စီ)

Select target paragraph3