စစ်ကောင်စီ၏ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ခြင်း Burma Affairs & Conflict Study Contact: info@burmaacs.org အနှစ်ချုပ် သုံးသပ်ချက်နှင့် အကြံပြုချက် စစ်ကောင်စီ၏ လူ အင်အားလို အပ်ချက် မည်မျှမြင့်မားနေသည်ကို ၎င်းတို့၏ စစ်မှုထမ်း အကောင်အထည်ဖော်မှု အခြေအနေများမှ တွေ့မြင်နေရသည်။ အလျှင်အမြန် အတည်ပြု ဆုံးဖြတ်ခဲ့ သ ည့်အပြင် နည်းဥပဒေပင် ထွက်ရှိနို င်ခြင်း မရှိသေးဘဲ စစ်မှုထမ်းအတွက် ပထမဆုံး အပတ်စဉ်ကို ၂ လ အတွင်းခေါ်ယူ ခဲ့ သည်။ စစ်ကောင်စီ၏ စစ်မှုထမ်းယန္တရား အကောင်အထည်ပေါ်ရန် အဓိက ကူ ညီသူ များမှာ ရပ်/ကျေး အု ပ်ချုပ်ရေးမှူးများ ဖြစ်ပေသည်။ BACS ၏ လေ့ လာမှုများအရ စစ်ကောင်စီ၏ စစ်မှုထမ်းအစီအစဉ် အောင်မြင်ရေးသည် ရပ်ကျေးအု ပ်ချုပ်ရေးမှူးများပေါ်တွင် များစွာမူ တည်နေသည်ကို တွေ့ရသည်။ ရပ်/ကျေး အု ပ်ချုပ်ရေးမှူးမရှိသည့် ဒေသများနှ င့် စစ်မှုထမ်းဆို င်ရာကိစ္စများတွင် စစ် ကောင်စီနှ င့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် ရပ်ကျေးအု ပ်ချုပ်ရေးမှူးများရှိရာ ဒေသများတွင် စစ် ကောင်စီ၏ လူ သစ်စု ဆောင်းမှု လု ပ်ငန်းစဉ်မှာ အောင်မြင်မှုမရှိခဲ့ ကြောင်း တွေ့ရသည်။ ထို့ကြောင့် စစ်မှုထမ်းအစီအစဉ် အကောင်အထည်မပေါ်ရေးသည် တော်လှ န်ရေးအင်အားစု များက ရပ်/ကျေး အု ပ်ချုပ်ရေးမှူးများကို မည်မျှ စည်းရုံးထိန်းချုပ်နို င်သည်အပေါ် ��ူ တည်မည် ဖြစ်သည်။ ရကသ ၁ တွင် စစ်မှုထမ်းစုဆောင်းခံထားရသူများကို တွေ့ရစဉ် ( ဓာတ်ပုံ - စစ်ကောင်စီ) လက်နက်ကို င် တော်လှ န်ရေးအင်အားစု အားကောင်းသည့် ဒေသများတွင်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းလု ပ်ငန်းစဥ် အကောင်အထည် မဖော်နို င်ပေ။ ထို့ကြောင့် တော်လှ န်ရေးအင်အားစု များ၏ ထိန်းချုပ်ဒေသများနှ င့် အင်အားကောင်းသည့်ဒေသများမှ လူ ငယ်များမှာ စစ်ကောင်စီ၏ စစ်မှုထမ်း အန္တရာယ်မှ လွတ်မြောက်နို င်သည်။ ပြီးခဲ့ သည့် ပထမအသု တ်တွင်လည်း ရှ မ်းပြည်တောင်ပို င်း၊ ဧရာဝတီတို င်း၊ ရန်ကု န်တို င်း၊ မန္တလေးတို င်းနှ င့် နေပြည်တော် ကဲ့ သို့သော ၎င်းတို့ကောင်းစွာ ထိန်းချုပ်နို င် သည့် ဒေသများတွင်သာ စစ်မှုထမ်းလု ပ်ငန်းစဉ်ကို အများဆုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ နို င် ကြောင်း တွေ့ရသည်။ စစ်ကောင်စီသည် တော်လှ န်ရေးအင်အားစု များ အားကောင်းသည့် ဒေသများတွင် စစ်မှုထမ်းရန် စု ဆောင်း၍ မရနို င်သည့်အတွက် ၎င်းတို့ ထိန်းချုပ်ဒေသများရှိ လူ ငယ်များကို ပို ၍ပစ်မှ တ် ထားလာမည် ဖြစ်သည်။

Select target paragraph3