8/22/22, 11:09 PM
သေးပါဘူး။” ဟု LIRNEasia မှ Helani Galpayaက ပြောသည်။
“အင်တာနက် ဆက်သွယ်ရရှိအသုံးပြုနိုင်မှုအတွက် ��ုပ်ကိုင်နေကြတဲ့
ရှေ့ဆောင်လုပ်ငန်းတွေအများကြီးရှိသော်ငြား မဖြေရှင်းနိုင်သေးတဲ့
ပြဿနာတစ်ခုကတော့ အွန်လိုင်မှာရှိတဲ့ စာတွေက ယူနီကုတ်ဖောင့် အနေ
နဲ့ရှိမနေတာပဲ။ ဒါကြောင့် ဒါက machine-readable မဟုတ်ဘူး၊ ဥပမာ
အားဖြင့် text-to-speech နဲ့speech-to-text tools တွေက မြန်မာဘာသာ
စကားတွေနဲ့အလုပ်မလုပ်တဲ့အခါမှာ မသန်စွမ်းတွေအတွက် ဘာမှလုပ်ပေး
လို့မရဘူး။” ဟု ဖန်တီးရာက ငြိမ်းချမ်းကပြောသည်။
ဆွေးနွေးပွဲ၏ ဒုတိယရက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၂၀၁၈ ခုနှစ်အတွက်
ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအစဉ်များနှင့် လိုအပ်သည့် ဥပဒေ မူဝါဒ
များ ပြုပြင်ပြောင်းလဲနိုင်ရေး စည်းရုံးလှံု့ဆောင်နိုင်ရေး အစီအစဉ်ကို
ဖော်ထုတ်နိုင်ရန် ဆွေးနွေးကြမည်ဖြစ်သည်။
“မြန်မာ့ဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ်ရဲ့ရည်ရွယ်ချက်က ဒစ်ဂျစ်တယ်
ဆိုင်ရာ ရပိုင်ခွင့်ကိစ္စရပ်များကို အတူတကွဆွေးနွေးနိုင်ရေး နှစ်စဉ်
သက်ဆိုင်သူတွေ အတူတကွ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ဖြစ်ပါတယ်။ ဒစ်ဂျစ်
တယ်ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များသည် ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေ ဖြစ်တဲ့
အတွက် ဖြေရှင်းနိုင်ဖို့ကျွန်မတို့တွေ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အရေးကြီး
ပါတယ်။" ဟု ဖန်တီးရာ၏ ဒစ်ဂျစ်တယ် အခွင့်အရေး မန်နေဂျာဖြစ်ပြီး ပွဲ
စီစဉ်သူတစ်ဦးဖြစ်သည့် ဒေါ်အိမြတ်နိုးခင်က ပြောကြားသွားသည်။
Full report
Download the full report "66d No Real Change" (5mb) in English and
Burmese »
အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ပါဝင်သော ၆၆(ဃ): စစ်မှန်သည့် ပြောင်းလဲခြင်းမရှိ
အစီရင်ခံစာ အပြည့်အစုံကို ဒေါင်းလုတ်ဆွဲရန် »
Tagged with: 66(d) ၆၆(ဃ), Digital rights, Official Secrets Act,
Telecommunications Law ဆက်သွယ်ရေးပုဒ်မ, UN Special
Rapporteur
FOLLOW FEM ON TWITTER
TAG CLOUD
https://freeexpressionmyanmar.org/myanmar-digital-rights-forum-says-situation-worse-since-2016/
JOIN OUR MAILING LIST
6/8