၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ စီစဥ်ထုတ်ဝေသည်။
စစ်ကောင်စီ၏လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာ (၅)
သုတေသနနည်းနာ
ဤအစီရင်ခံစာသည် ၂၀၂၄ခုနှစ်၊ မေလ မှ သြဂုတ်လ အထိ (၄) လတာကာလအတွင်း စစ်
ကောင်စီကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှု
များ၊
သေဆုံးမှုများ၊
ဆေးရုံဆေးခန်းများ၊
စာသင်ကျောင်းများနှင့်
ဘာသာရေး
အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရမှုများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ထားခြင်း
ဖြစ်သည်။ တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်များနှင့် လွတ်လပ်သော
သတင်းမီဒီယာများမှ သတင်းအချက်အလက်များအပေါ် အခြေခံ၍ လေ့လာတင်ပြထားခြင်း
ဖြစ်ပြီး သတင်းမီဒီယာ စုစုပေါင်း (၄၀) ခုမှ ကောက်ယူထားခြင်းဖြစ်ပါသည်။
အစီရင်ခံစာတွင် ဖော်ပြထားသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ တရက်အတွင်း နေရာ
၁ခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျှင် ဖြစ်စဉ် ၁ခု ဖြစ်ပြီး၊ တရက်အတွင်း နေရာ ၂ခုကို
လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျှင် ဖြစ်စဉ် ၂ခု အဖြစ် သတ်မှတ်ထားသည်။ လေကြောင်း
တိုက်ခိုက်မှုအကြိမ်အရေအတွက်ကို
ကောက်ယူသည့်နည်းနာမှာ
တော်လှန်ရေးအဖွဲ့
အစည်းများ၏ သတင်းထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာဖော်ပြချက်များတွင် ဖြစ်စဉ်တခု
အတွက်
လေကြောင်းတိုက်မှု
အကြိမ်အရေအတွက်ကို
ဖော်ပြထားခြင်းမရှိပါက
လေကြောင်း အသုံးပြုမှုအရေအတွက် ၁ ကြိမ်ဟု ကောက်ယူထားပါသည်။
https://www.google.com/url?
တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များနှင့် သတင်းမီဒီယာများမှ စောင့်ကြည့်
sa=i&url=https%3A%2F%2Fyktnews.com%2F2023%2F02%2F87568%2F&psig=AOvVaw3UxsC
5kxKjSU4ah7RbWZ5O&ust=1698138555758000&source=images&cd=vfe&opi=89978449&ved
လေ့လာကောက်ယူထားခြင်းဖြစ်သဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်
=0CBEQjRxqFwoTCKj2jp3pi4IDFQAAAAAdAAAAABAh
များသည် မြေပြင်တွင်
ပိုမိုများပြားနိုင်ပါသည်။
နိဒါန်း
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ နွေဦးတော်လှန်ရေးကာလ စတင်သည့်အချိန်မှစ၍ စစ်အုပ်စု
သည် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ အခြေစိုက်
သည့် တပ်စခန်းများ၊ အရပ်သားများ စုဝေးသည့် အခမ်းအနားများ၊ ဆေးရုံဆေးခန်းများ၊
စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအဆောက်အဦးများနှင့် ယာယီ
စစ်ရှောင်စခန်းများကိုပါ လေကြောင်းပစ်မှတ်များအဖြစ် တိုက်ခိုက်လျက်ရှိသည်။
လေ့လာတွေ့ရှိချက်များအရ စစ်အုပ်စုသည် (၁) လေကြောင်းစစ်ဆင်ရေးပြုလုပ်ခြင်း၊ (၂)
မြေပြင်ထိုးစစ်ဆင်ရာတွင် လေကြောင်းဖြင့် ကူညီပစ်ခတ်ပေးခြင်း၊ (၃) ၎င်းတို့၏ စစ်စခန်း
များ ထိုးစစ်ဆင်ခံရချိန်၊ စစ်ကြောင်းများတိုက်ခိုက်ခံရချိန်တွင် ကူညီပစ်ခတ်ပေးခြင်း၊ (၄)
ကင်းထောက်ခြင်း (၅) တပ်သားဖြည့်တင်းခြင်း/တပ်များပြောင်းရွှေ့နေရာချခြင်းနှင့် (၆) စစ်
ရေးအရင်းအမြစ်ရိက္ခာများပို့ဆောင်ခြင်း စသည်တို့ကို လုပ်ဆောင်ရာတွင် တိုက်လေယာဉ်
များ၊ ရဟတ်ယာဉ်များ၊ ဒရုန်းများနှင့် အခြားလေ့ကျင့်ရေးလေယာဉ်များကို သုံးစွဲလျက်ရှိ
သည်။
၁