ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက် အခြေခံမူများ - အစိုးရ၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်မှု ယန္တရားများ - တရားရေးနှင့်ပတ်သက်မှု မရှိသော နစ်နာမှုဖြေရှင်းဆောင်ရွက် ပေးရေးဆိုင်ရာ ယန္တရားများ ထိရောက်မှုရှိခြင်းဆိုင်ရာ စံနှုန်းများ။ ၃၁။ နိုင်ငံတော်၌ အခြေပြုသော (နှင့်) နိုင်ငံတော်၌ အခြေပြုခြင်း မဟုတ်သော တရားရေးနှင့်ပတ်သက်မှုမရှိသည့် နစ်နာမှု ဖြေ ရှင်းဆောင်ရွက်ပေးရေးဆိုင်ရာ ယန္တရားများ ထိရောက်မှုရှိခြင်းကို အာမခံချက်ပေးနိုင်ရန် အောက်ပါစံနှုန်းများ ရှိသင့် ပါသည်။ (က) တရားဝင် လက်ခံမှု - ယန္တရားများ အသုံးပြုရန် ရည်ရွယ်ထားသည့်သူများ ဖြစ်သည့် ပါဝင်ပတ်သက်သူ အုပ်စုများထံမှ ယုံကြည်မှုရရှိခြင်းနှင့် နစ်နာမှုဖြေရှင်းခြင်းဆိုင်ရာ ဖြစ်စဉ်များကို တရားမျှတမှုရှိစွာ ဆောင်ရွက်ရန်အတွက် တာဝန်ယူမှု ရှိခြင်း။ (ခ) လက်လှမ်းမီ၊ အသုံးပြုနိုင်မှု - ၄င်းတို့ ရည်ရွယ်ထားသော အသုံးပြုသူများဖြစ်သည့် ပါဝင်ပတ်သက်သူ အုပ်စုများ အားလုံး သိရှိရန်နှင့် လက်လှမ်းမီ၊ အသုံးပြုနိုင်ရန် အတားအဆီတစ်စုံတစ်ရာ တွေ့နိုင်သူများအတွက် လုံလောက်သော အကူအညီပေးရန်။ (ဂ) ကြိုတင်ခန့်မှန်းနိုင်မှု - အဆင့်တိုင်းအတွက် ရည်ညွန်းအချိန်ကာလ ဘောင်တစ်ခုနှင့်အတူ ရှင်းလင်းတိကျပြီး အများ သိနိုင်သည့် လုပ်ထုံးလုပ်နည်းတစ်ရပ် ဖြည့်ဆည်းပေးရန်နှင့် လုပ်ငန်းစဉ် အမျိုးအစားများ ရရှိနိုင်သော ရလဒ်များနှင့် အကောင်အထည်ဖော်မှုဆိုင်ရာ စောင့်ကြည့်လေ့လာရေး နည်းလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတိကျမှုရှိခြင်း။ (ဃ) တရားမျှတမှု သာတူညီမျှမှု - ထိခိုက်နစ်နာရသူများအနေဖြင့် ထိခိုက်နစ်နာမှု ဖြေရှင်းရေးလုပ်ငန်းစဉ်တွင် တရားမျှ တသော၊ သတင်းအချက်အလက် ရရှိသော၊ လေးစားမှုပြသသော အခြေအနေအောက်တွင် ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်၊ အကြံဉာဏ်နှင့် ကျွမ်းကျင်မှုအရင်းအမြစ်များကို သင့်တင့်လျှောက်ပတ်စွာ ရရှိစေရေး အာမခံရန် ကြိုးပမ်းအားထုတ်ခြင်း။ (င) ပွင့်လင်းမြင်သာမှု - နစ်နာမှုများ ကုစားရေးတောင်းဆိုမှုတွင် ပါဝင်သည့် လူများ၊ အုပ်စုများအား ၄င်းတို့၏ ဖြစ်ပေါ် တိုးတက်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက်ပေးခြင်းနှင့် ထိရောက်မှုရှိခြင်းကို ယုံကြည်စေရန် ပါဝင်ပတ်သက် သည့် ပြည်သူ၏အကျိုးစီးပွားကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ယန္တရားများ၏ စွမ်းဆောင်မှုနှင့် ပတ်သက်၍ လုံ လောက်သော သတင်းအချက်အလက်များပေးခြင်း။ (စ) အခွင့်အရေးများနှင့် ကိုက်ညီမှုရှိခြင်း - ရလဒ်များနှင့် ပြန်လည်ကုစားပေးခြင်းများသည် နိုင်ငံတကာ အသိအမှတ်ပြု လူ့အခွင့်အရေးများနှင့် ကိုက်ညီမှုရှိစေရန် အာမခံချက်ပေးခြင်း။ (ဆ) စဉ်ဆက်မပြတ် လေ့လာသင်ယူမှုအတွက် အရင်းအမြစ်တစ်ခု - အနာဂါတ်တွင် ဖြစ်ပေါ်လာနိုင်သည့် နစ်နာမှုများနှင့် ထိခိုက်မှုများကို ကာကွယ်တားဆီးရန်နှင့် ယန္တရား ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် သင်ခန်းစာများ ဖော် ထုတ်ရန် ဆီလျှောက်မှုရှိသော လုပ်ငန်းများကို အသုံးပြုခြင်း။ လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုဆိုင်ရာအဆင့် နစ်နာမှုဖြေရှင်းရေး ယန္တရားများသည်(ဇ) ချိတ်ဆက်ဆောင်ရွက်မှုနှင့် အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုအပေါ် အခြေပြုသင့်ပါသည်။ ရည်ရွယ်ထားသော အသုံး ပြုသူများဖြစ်သည့် ပါဝင်ပတ်သက်သူအုပ်စုများနှင့် ယန္တရားများ၏ဒီဇိုင်းပုံစံ၊ စွမ်းဆောင်မှုတို့နှင့် ပတ်သက်၍ ညှိနှိုင်း ဆွေနွေးခြင်းနှင့် နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် နည်းလမ်းများအဖြစ် အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုကို အလေးထားဆောင်ရွက်ခြင်း။ မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားများအတွက် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို မျှော်မှန်း အလိုရှိသည် ဆိ��သည့်အချက်ကို အစိုးရမှ (ပြည်တွင်း သို့မဟုတ် ပြည်ပ) ကုမ္ပဏီများအား ရှင်းလင်းစွာ အသိပေး သင့်ပါသည်။ အဆိုပါ မျှော်မှန်းအလိုရှိချက်ကို မူဝါဒများနှင့် ဥပဒေထဲတွင် ထည့်သွင်းဖော်ပြနိုင်ပါသည်။ (တိုက်တွန်း အကြံပြုချက် ၂ နှင့် ၃ ရှိ အထက်ပါ အစိုးရသို့ အကြံပြုချက်များတွင် ကြည့်ရှုနိုင်ပါသည်။) လူထုပညာပေးမြှင့်တင်ရေး လုပ်ငန်းများနှင့် ပြည်တွင်းကုမ္ပဏီများ၏ စွမ်းဆောင်ရည်ပြည့်ဝအောင် တည်ဆောက်ခြင်း၊ ထို့အတူ ကုမ္ပဏီများ အနေဖြင့် မိမိတို့ကိုယ်တိုင် အများပြည်သူထံသို့ တာဝန်ယူ၊ တာဝန်ခံမှုများရှိရန် ဆောင်ရွက်ခြင်းဖြင့် အဆိုပါအချက်ကို အားကောင်းလာစေရန် ဆောင်ရွက်နိုင်ပါသည်။ အောက်တွင်ပါရှိသော ကုမ္ပဏီများအား တိုက်တွန်းအကြံပြုချက်တွင် ကြည့်နိုင်ပါသည်။) မြန်မာ့တရားရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများသည် နှစ်ကာလ အတန်ကြာ အချိန်ယူရ သည်ဖြစ်ရာ ကြားကာလ၌ စီးပွားရေးလုပ်ငန်းများကြောင့် ဆိုးကျိုးသက်ရောက်ခဲ့သူများအား ကုစားပေးနိုင်ရန် တရား ဝင်ဥပဒေရေးရာများ မလုပ်ဆောင်နိုင်သေးသည့် ကာလအတွက် ထိရောက်သည့် အစားထိုးမှုဖြေရှင်းပေးမှုများ ထားရှိ ရန် အရေးကြီးပါသည်။ 20 မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3