၂။ အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်စဉ်များအတွက်
ကြောင်းကျိုးဆီလျော်သည့်
မူဘောင်နှင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် သင့်လျှော်သော ကာကွယ်ပေးမှုများပါရှိမှု သေ
ချာစေရန် အိုင်စီတီဆိုင်ရာဥပဒေနှင့် စည်းမျဉ်းစည်းကမ်း ပြုပြင်ပြောင်းလဲရေးများကို တိုးမြှင့်လုပ်
ဆောင်ရန်။
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်အခြေခံမူများ - နိုင်ငံတော်၏
အထွေထွေ စည်းမျဉ်းဥပဒေသတ်မှတ်ခြင်းနှင့် မူဝါဒဆိုင်ရာ လုပ်ငန်းများ
၃။
အကာအကွယ်ပေးရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးရန် နိုင်ငံတော်သည်
(က)
စီးပွားရေးလုပ်ငန်းများမှ လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် လိုအပ်သော သို့မဟုတ် ၄င်းတို့အပေါ် အကျိုး
သက်ရောက်မှုရှိသောဥပဒေများကို ပြဌာန်း အကောင်အထည်ဖော်ရန်နှင့် အခါအားလျှော်စွာ အဆိုပါဥပဒေများ၏
လုံလောက်မှု ရှိ၊ မရှိကို ဆန်းစစ်မှုပြုလုပ်ရန်နှင့် လိုအပ်ချက်များရှိလာပါက ဖြည့်ဆည်းဆောင်ရွက်ပေးရန်
(ခ)
စီးပွားရေးလုပ်ငန်းများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာ အခြားသောဥပဒေများနှင့် မူဝါဒများ
(ဥပမာ-ကော်ပိုရိတ်ဥပဒေ)သည် ထိန်းချုပ်ကန့်သတ်ခြင်းမျိုးမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများက လူ့အခွင့်အရေး
များ လေးစားလိုက်နာမှုကို သေချာမှုရှိစေရေး ဆောင်ရွက်ရန်။
(ဂ)
စီးပွားရေးလုပ်ငန်းများအား ယင်းတို့၏ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှု ကာလတစ်လျှောက်လုံး လူ့အခွင့်
အရေးများကို မည်ကဲ့သို့ လေးစားလိုက်နာရမည် ဆိုသည်နှင့် ပတ်သက်၍ ထိရောက်သော လမ်းညွှန်မှုပေးရန်။
(ဃ)
စီးပွားရေးလုပ်ငန်းများအား ယင်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို မည်ကဲ့သို့ ဖြေရှင်း
ဆောင်ရွက်သည်နှင့် ပတ်သက်၍ အသိပေးဆက်သွယ်မှု ပြုလုပ်ရေးကို တိုက်တွန်းအားပေးရန်နှင့် လိုအပ်ပါက
ပြဌာန်းချက်များ ချမှတ်ပေးရန်။
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက် အခြေခံမူများ - မူဝါဒများသဟဇာတ
ဖြစ်မှုနှင့် တိကျခိုင်မာ��ှုရှိစေရန် ဆောင်ရွက်ခြင်း။
၈။ နိုင်ငံများအနေဖြင့် စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပုံဖော်နေသည့် အစိုးရဌာနများ၊ အေဂျင်စီများနှင့် အခြား
နိုင်ငံအခြေပြု အဖွဲ့အစည်းများအား ၄င်းတို့နှင့် ဆီလျှော်မှုရှိသည့် အချက်အလက်များ၊ လေ့ကျင့်သင်တန်းများနှင့် ပံ့ပိုးမှုများ
ပေးခြင်းဖြင့် ၄င်းတို့ သက်ဆိုင်ရာတာဝန်များကို ဖြည့်စည်းဆောင်ရွက်သည့်အခါ နိုင်ငံတော်၏ လူ့အခွင့်အရေးဆိုင်ရာ
တာဝန်ဝတ္တရားများကို သိရှိ၊ လေးစား၊ လိုက်နာမှုရှိစေရန် အာမခံချက် ပေးသင့်ပါသည်။
မြန်မာနိုင်ငံသည် အိုင်စီတီကဏ္ဍကို ဦးတည်အလေးထားသည့် ပြောင်းလဲမှုများအပါအဝင် ကဏ္ဍတိုင်းတွင် ဥပဒေ
ရေးရာနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် ရည်ရွယ်ချက်ကြီးမားသည့် အစီအစဉ်
တစ်ရပ်ကို စတင်လပ
ု ေ
် ဆာင်နေပြီ ဖြစ်ပါသည်။ သင်ေ
့ လျှာ်သော ဥပဒေမူဘောင်တစ်ရပ်သည် လူအများ၏ အခွငအ
့် ရေး
များကို ကာကွယ်ပေးနိုင်သလို တစ်ချိန်တည်းတွင် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်း အလေ့အထများ ထွန်းကား
လာအောင် တွန်းအားပေးနိုင်ပါသည်။ (အခန်း ၂ တွင် အိုင်စီတီအစိုးရ အဖွဲ့အစည်းများ၊ မူဝါဒများနှင့် ဥပဒေရေးရာ
မူဘောင်များကို ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန် ဖတ်ရှုနိုင်ပါသည်။)
အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ
ဆက်သွယ်ရေးဥပဒေ (Telecommunications Law)၊ ကွန်ပျူတာသိပ္ပံ ဖွံ့ဖြိုးရေးဥပဒေ (Computer Science
Development Law) နှင့် အီလက်ထရောနစ် ငွေပေးချေရေးဥပဒေ (Electronic Transactions Law)များ
အောက်တွင် မကြာမီထွက်ပေါ်လာမည့် စည်းမျဉ်းစဉ်းကမ်းများတွင် ဥပဒေနှင့်ညီသော ထုတ်ဖော်ပြောဆိုမှုများ
အပေါ် ဒုစရိုက်မှုဆိုင်ရာ ပြစ်ဒဏ်များချမှတ်ခြင်းမျိုး မရှိစေရဆိုသည့်အချက် သေချာမှုရှိစေရေး ဆောင်ရွက်ရန်။
အဆိုပါစည်းမျဉ်းစည်းကမ်းများသည် အင်တာနက်စာမျက်နှာများတွင် ပါဝင်သော အကြောင်းအရာများကို စိစစ်
ခြင်း၊ ပိတ်ဆို့ခင်းများကို လုပ်ဆောင်ရာတွင် ကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းများနှင့် အကာအကွယ်ပေးရေးလုပ်
ဆောင်မှုများသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ရှင်းလင်းဖော်ပြသင့်ပါ
10
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း