အသုံးပြုသူများအတွက် အကြံပြုချက်များ
၁။ အိုင်စီတီနည်းပညာများကို အသုံးပြုစဉ်တွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် လုံခြုံရေးကို
အကာအကွယ်ပေးနိုင်စေရန် လိုက်နာသင့်သော အခြေခံအချက်များ။
လူမှုကွန်ရက်အား အသုံးပြုရာတွင် -
•
ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဥပမာ ဘဏ်စာရင်းများ၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ မွေးသက္ကရာဇ်
သို့မဟုတ် ဖုန်းနံပါတ်များကို လူမှုကွန်ရက်၊ သို့မဟုတ် မိုဘိုင်းလ်ဖုန်း Apps များတွင် လူအများသိစေရန်
မျှဝေခြင်းများကို ရှောင်ကျဉ်ရန်။
•
မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အင်တာနက်တွင် အသုံးပြုနေသော အခြားသူများ
မမြင်နိုင်အောင် (သို့) ဝင်ရောက်ကြည့်ရှုမှုများ မလုပ်နိုင်စေရန် ကိုယ်ရေးကိုယ်တာအချက်များကို ထိန်းချုပ်
ကာကွယ်သည့် စနစ်များကို အသုံးပြုရန်။
အင်တာနက် ဝန်ဆောင်မှုများကို အသုံးပြုရာတွင-်
•
လွယ်ကူစွာ ခန့်မှန်းမရနိုင်သည့် လျှို့ဝှက်စကားလုံးများကို အသုံးပြုရန်၊ ယင်းသည်:-8
-
စာလုံးရေ ၈ လုံးအထိ အနည်းဆုံးထားရန်။
-
အသုံးပြုသည့် အမည်၊ အမည်ရင်း၊ အဖွဲ့အစည်းနာမည်နှင့် ပြည်စုံသော စာလုံးတွဲတစ်ခု အစရှိသည့်
စကားလုံးတွေ မပါဝင်စေရန်။
-
မူလအသုံးပြုခဲ့သော လျှို့ဝှက်နံပါတ်များနှင့် သိသာစွာ ကွဲပြားမှု ရှိပါသလား။
-
စာလုံး အကြီး၊ စာလုံးအသေး၊ သင်္ကေတများနှင့် နံပါတ်များ ပါဝင်စေရန်။
•
တူညီသော လျှို့ဝှက်နံပါတ်တစ်ခုအား ဝန်ဆောင်မှုအားလုံးအတွက် အသုံးပြုခြင်းကို ရှောင်ကျဉ်ရန်။ ဥပမာ
ဂျီမေးလ်၊ ဖေ့(စ)ဘွတ်။
•
ယင်း လျှို့ဝှက်နံပါတ်များကို လုံခြုံစွာနှင့် လျှို့ဝှက်စွာ သိမ်းဆည်းထားရန်။
အီးမေးလ်ကို အသုံးပြုရာတွင-်
•
အမည်မသိသောသူများမှ ပေးပို့လာသော မေးလ်တွင် တွဲပါလာသည့် ဖိုင်လ်များကို ဖွင့်ကြည့်ခြင်းမှ ရှောင်
ကြဉ်ရန်။
•
ကိုယ်ရေးကိုယ်တာ ဆက်သွယ်ရန်အတွက် အသုံပြုသော အီးမေးလ်လိပ်စာနှင့် အင်တာနက်ဝန်ဆောင်မှု
အတွက် အသုံးပြုသော အီးမေးလ်လိပ်စာများကို မတူအောင်သုံးရန်။
အင်တာနက်စာမျက်နှာများ အသုံးပြုသောအခါ-
•
ခရုမ်း (Chrome)၊ ဖားရားဖောက် (Firefox)၊ ဆာဖာရီ (Safiri) နှင့် အင်တာနက် အိတ်(စ)ပလိုရာ (Internet
Explorer)တို့တွင် ပါဝင်သည့် “ကိုယ်ရေးကိုယ်တာအတွက် လုံခြုံစွာကြည့်ရှုသည့်“ စနစ်များကို အသုံးပြုရန်။
ကိုယ်ရေးကိုယ်တာအတွက် လုံခြုံစွာကြည့်ရှုသည့်စနစ်သည် အင်တာနက်စာမျက်နှာတို့မှ အသုံးပြုသူ၏
Login ဆိုင်ရာ သတင်းအချက်အလက်များကို မှတ်ယူထားခြင်းနှင့် ကြည့်ခဲ့ဖူးသော လိပ်စာဟောင်းများ
အောက်ရှိ အင်တာနက် စာမျက်နှာများမှ မိမိ၏အချက်အလက်များကို ဝင်ရောက်ရယူခြင်းတို့မှ ကာကွယ်
နိုင်ပါသည်။
8
မိုက်ခရိုဆော့(ဖ)၏ “Tips for Creating a Strong Password (လျှို့ဝှက်နံပါတ် အသုံးပြုခြင်းဆိုင်ရာ သိသင့်သည့်အချက်များ)“ နှင့် Micah Lee ရဲ့ ကြားဖြတ်ခြင်း,
“Passwords you can Memorize- But That Even The NSA Can’t Guess (ကိုယ်တိုင်မှ မှတ်မိသော်လည်း အမျိုးသားလုံခြုံရေးအေဂျင်စီမှပင် ခန့်မှန်းလို့
မရတဲ့ လျှို့ဝှက်နံပါတ်)“ (၂၆ မတ် ၂ဝ၁၅) ကို အင်တာနက်လုံခြုံရေးဆိုင်ရာ လိုက်နာသင့်သော ထပ်မံလမ်းညွန်မှုအဖြစ် ဖတ်ရှုနိုင်ပါသည်။
38
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း